(18)

210 19 14
                                    

Gazing the Clouds
(Unicode)

အပိုင်း တစ်ဆယ့်‌‌ရှစ်
ပြုစားခံရသော နှလုံးသား

ဆေးရုံကဆင်းရမည့်ရက်ရောက်တော့ အကိုဂျေးက ယူခဲ့သည့်ပစ္စည်းမှန်သမျှအကုန် ထည့်သိမ်းပေးရင်း အနွေးထည်တစ်ထည်လွှားခြုံပေးလာသည်။

"နေမကောင်းမဖြစ်နဲ့တော့နော်.."

ခေါင်းငြိမ့်ပြရင်း ပြုံးပြလိုက်တော့အကိုဂျေးက လက်ကိုခပ်ဖွဖွတစ်ချက်ဆုပ်နယ်ရင်း ပစ္စည်းကျန်မကျန်စစ်နေခဲ့သည်။

"ပစ္စည်းတွေအကုန်စုံပြီမလား"

"ဟုတ် ဒါနဲ့အကိုဂျေးလိုက်ပို့မှာလား"

"မင်းအဖေရှိနေရင်ကိုယ်လိုက်ပို့လို့ဖြစ်ပါ့မလား"

"အဖေမရှိပါဘူး ဂျပန်မှာ အခုကတော့နစ်ကီပဲအိမ်မှာရှိမယ်ထင်တယ်"

တွေဝေစွာမေးနေသည့်‌အကိုဂျေး၏မျက်ဝန်းတွေက ရုတ်တရက်ဆန်စွာဒေါသရိပ်ယောင်ယှက်ပြေးသွားလျက် ပစ္စည်းအိတ်ကိုမယူလိုက်သည်။

"ကိုယ် လိုက်ပို့မယ်"

"တကယ်လို့မအားရင် ကျွန်တော်ကိုယ့်ဘာသာ.."

"မင်းအိမ်ထဲအထိဝင်သွားတာမြင်မှကိုယ် စိတ်ချမယ်ထင်လို့ လိုက်ပို့ပါရစေ နော်.."

"အင်း"

ပစ္စည်းတွေအပြည့်ထည့်ထားသည့်အိတ်အလေးကြီးကို တစ်ဖက်တည်းနှင့် မ ကာထွက်သွားပုံက  လုံးလုံးမလေးပုံပေါက်နေသည်။ ခပ်သွက်သွက်‌ခြေလှမ်းတွေနောက် လိုက်လာခဲ့ရင်း အိမ်ကိုဦးတည်ခဲ့ကြ၏။

"ဂျယ်ယွန်း‌ဟျောင်း"

အိမ်ရှေ့မှာရပ်စောင့်နေသည့်နစ်ကီက ပြုံးလျက် လက်‌ယမ်းပြကာ နှုတ်ဆက်နေပေမဲ့ အကိုဂျေးကိုမြင်တော့ ဆက်မပြုံးတော့။အကိုဂျေးကိုလှည့်ကြည့်ပြန်တော့လဲ အကိုဂျေးလဲမျက်နှာအနည်းငယ်ခက်ထန်နေသည်။

"နစ်ကီ အဖေအိမ်မှာမရှိဘူးမလား"

"မရှိပါဘူး ဒါနဲ့ဗိုက်ဆာနေပြီမလားကျွန်တော် အဒေါ်ကြီးကို ဟျောင်းအတွက်ကြက်သားဆန်ပြုတ်လုပ်ခိုင်းထားတယ်"

"ဟုတ်လား အဲ့လိုဆိုစားမယ်လေ"

ခရီးဆောင်အိတ်ကိုဆွဲလာသံကြောင့် နောက်လှည့်ကြည့်တော့ အကိုဂျေးဆီကအိတ်ကို နစ်ကီကဆွဲယူသည်။

Gazing the CloudsWhere stories live. Discover now