(20)

188 20 10
                                    

Gazing the Clouds
(Unicode)

အပိုင်း နှစ်ဆယ်
နှလုံးသားထဲမှထပျံသွားသော လိပ်ပြာငယ်

"ဆောင်းဟွန်းဟျောင်း!!"

ရုတ်တရက်‌အော်ပြေးလာကာ ဝမ်းသာအားရစွာ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးပြနေသည့် သူ့ကိုကြည့်ရင်းကြောင်တောင်တောင်နှင့် စူးစိုက်ကြည့်နေမိသည်။

"ဘာဖြစ်လာတာလဲ"

"ဆောင်းဟွန်းဟျောင်း ကျောင်းမလာတာကြာပြီမို့လို့ ဝမ်းသာလို့လေဗျာ"

"မကြာပါဘူး ငါမလာတာတစ်ရက်နှစ်ရက်ပဲရှိလောက်ဦးမှာကို"

"ဘယ်နိဗ္ဗာန်ဘုံထဲလမ်းပျောက်သွားလို့ အချိန်တွေပါမသိတော့တာလဲ ဟျောင်းပျောက်သွားတာ နှစ်ပတ်ပြည့်တော့မယ်ဗျ"

"ဘယ်လို"

"နှစ်ပတ်လေ အခုကကျောင်းကခရီးသွားမယ့် အစီအစဉ်ထွက်လာလို့ဟျောင်းပေါ်လာတာမလား"

"‌ခရီးသွားမယ့်အစီအစဉ်ဟုတ်လား ဒီတစ်ခါ ဘယ်ကိုသွားမှာတဲ့လဲ"

"ဟင် ဒါဆိုဟျောင်းကဘယ်တွေပျောက်နေလို့ အခုမှပေါ်လာတာလဲ"

"နောက်မှ ပြောပြမယ်"

"အမယ်.. တစ်ခုခုမသင်္ကာစရာကောင်းနေသလိုပဲ ကျွန်တော်သိနေတယ်နော် အာရုံရနေတယ်.."

ဂျောင်ဝန်း၏စကားကိုကြားတော့အလိုလိုမနေနိုင် အရှက်ပြေ ချောင်းတစ်ချက်ဟန့်လိုက်ရင်း ကျောင်းခန်းထဲသာပြေးဝင်ခဲ့၏။

"ပျောက်လှချည်လား"

"မင်းလည်းအရင်က မှန်တာကျလို့"

ရောက်ရောက်လာချင်းထုံးစံအတိုင်းစားပွဲပေါ် မှောက်အိပ်နေရာက ထကာပြောလာသူကြောင့် ပြန်ချေပပြောမိသည်။သူကဘာမှပြန်မပြော ခေါင်းခပ်ဖြေးဖြေးခါရင်း ပြန်မှောက်အိပ်နေ၏။

"ဘယ်တွေပျောက်နေတာလဲလို့ရော မမေးတော့ဘူးလား"

"မမေးပါဘူး ငါသိတယ်"

ငါသိတယ်ဆိုတဲ့စကားအဆုံးစာအုပ်ထုတ်နေသည့် လက်တွေရပ်ကုန်ကာ ကိုယ်ကို အလျင်အမြန်နောက်ကို လှည့်ပစ်လိုက်သည်။

Gazing the CloudsWhere stories live. Discover now