(26)

169 16 4
                                    

Gazing the Clouds
(Unicode)

အပိုင်း နှစ်ဆယ့်ခြောက်
အသက်ရှုသံငယ်၏တေးဆိုသံ

"ကျွီ"

ခြံတံခါးဖွင့်သံနှင့်အတူ နေဝင်ရီတရောအချိန်တွင် အိမ်ကြီးထဲကားတစ်စီး ဝင်လာခဲ့သည်။နေ့ခင်းကဖြစ်သွားသည့် အဖြစ်အပျက်ကြောင့်သေချာပေါက် သားငယ်လေးဂျယ်ယွန်းပြန်ရောက်လာခြင်းဖြစ်လိမ့်မည်ဟု တွေးမှတ်ထားခဲ့သည်။သို့သော်‌ပြန်တွေ့ရလိမ့်မည်ဟု လုံးလုံးထင်မှတ်မထားခဲ့သည့်သူမို့ လက်ထဲကကော်ဖီခွက် လွတ်ကျကုန်၏။

"ဆော့ဂျွန်"

"တကယ်ပဲရှင်လား"

"သားကဒီနေရာကို ဘယ်လိုသိပြီးရောက်လာတာလဲ မင်းပြောပြလိုက်တာလား သူအကုန်သိသွားပြီလား"

"ဘာကိုအကုန်သိသွားပြီလားလဲ"

"မင်းအခုလိုတခြားတစ်ယောက်နဲ့လက်ထပ်ထားတဲ့အကြောင်း ငယ်ငယ်ကဆောနူကိုဆွဲခေါ်ပြီးအဲ့လူနောက်လိုက်သွားခဲ့ကြောင်းကိုလေ"

"ကျွန်မ ဘာမှမပြောလိုက်ရသေးဘူး"

"ဆောနူလာခေါ်လို့ အံ့ဩပြီးထွက်လာချိန်သူကျွန်မတို့ကိုမြင်ပြီး ပြေးထွက်သွားတော့တာပဲ"

"အဲ့အချိန်ကတည်းက ပြန်မရောက်လာတာလား"

"ဟုတ်တယ် ဆက်သွယ်ဖို့ကလဲရှင့်ဖုန်းနံပါတ်လဲမသိ သူ့ဖုန်းနံပါတ်လဲမသိလို့ ဒီကိုပဲသူပြန်လာမလားစောင့်နေတာ"

"ဒီနေ့တော့မလာလောက်ဘူး သားစိတ်နဲ့ဆိုဒီနေ့တော့ ပြန်လာမှာမဟုတ်ဘူး စိတ်ပြေတဲ့အထိလွှတ်ထားပေးတာပဲ ကောင်းလိမ့်မယ်"

"ဒါပေမဲ့သူဒီကိုမှမရောက်ဖူးတာဘယ်လိုလုပ်သူ့ကို နေရာစိမ်းတစ်ခုမှာ လွှတ်ထားပြီးအေးဆေးထိုင်စောင့်နေနိုင်ပါ့မလဲ"

"မင်းသူ့ကိုငါ့ဆီမှာထားပြီးအဲ့ဒီလူနဲ့ထွက်သွားခဲ့တုန်းကရော သူ့စိတ်ထဲငါ့ကိုနေရာစိမ်းလို့သတ်မှတ်ခဲ့မယ်မထင်ဘူးလား ဘာလို့ဆိုမင်းကအမေမို့လို့ သားသမီးတိုင်းကအမေ့ကိုပိုရင်းနှီးတဲ့နေရာလို့သတ်မှတ်တာ ဒါကိုအဖေဆိုတဲ့ငါ့လိုနေရာစိမ်းထဲ မင်းပစ်ထားခဲ့တုန်းကရော သူအဆင်ပြေခဲ့တယ်လို့မင်းထင်လို့လား"

You've reached the end of published parts.

⏰ Last updated: Mar 07 ⏰

Add this story to your Library to get notified about new parts!

Gazing the CloudsWhere stories live. Discover now