(24)

172 13 6
                                    

Gazing the Clouds
(Unicode)

အပိုင်း နှစ်ဆယ့်လေး
ခိုနားရာ ရင်ခွင်

ဂျပန်လေဆိပ်ကိုရောက်ရှိလာကြပြီးကျောင်းသားနှစ်ယောက်တစ်တွဲစီ တည်းရန်နေရာကို ကိုယ်စီကိုယ်စီထွက်ခွာသွားကြသည်။ အဆောင်ကြီးကြီးတစ်ခုငှားထားတာမို့ အားလုံးကထိုမှာပဲတည်းရမည်ဖြစ်၏။

"ဆောင်းဟွန်းနား.."

လေယာဉ်ကဆင်းကာ ခရီးဆောင်အိတ်သွားယူသည့် အကန့်ရောက်သွားသည်အထိ သူ့ဘက်ကဘာမှမပြောလာတာမို့ သံရှည်ဆွဲခေါ်မိသည်။ သို့သော်လဲအကြောင်းမထူးခဲ့ပါ။ကိုယ့်အိတ်နဲ့သူ့အိတ်ခရီးဆောင်အိတ်နှစ်အိတ်ကိုယူကာလေဆိပ်မှ သဲကြီးမဲကြီးထွက်သွားသည်။

"ဟူး တကယ်ပါပဲ ကလေးတွေများ ဘာတွေစိတ်‌ကောက်နေမှန်းကိုမသိဘူး"

စိတ်ကောက်နေသူကိုကြည့်ရင်း ရေရွတ်နေချိန် အနားကိုရောက်လာကာ လက်မောင်းကိုလာတို့သည့်ကောင်မလေးကို လှည့်ကြည့်လိုက်သည်။

"အစ်ကို"

"အင်း ပြောလေညီမလေး"

"ဘယ်နှစ်ကလဲဟင် အစ်ကို့ကိုကျောင်းမှာတစ်ခါမှမမြင်ဖူးပါဘူး"

"အာ အစ်ကိုကလေ.."

"ငါ့အသိပါ"

သေချာပေါက်ခရီးဆောင်အိတ်နှစ်အိတ်ကိုမပြီး ထွက်သွားတာပါ။ဘယ်လိုဖြစ်ပြီးတော့ပြန်ရောက်လာတာလဲ။

ဘာကိုမှမမြင်သလိုအိတ်ပဲဆွဲမပြီး လေဆိပ်ကနေ သဲကြီးမဲကြီးထွက်သွားသူကရုတ်တရက်အနားကို ပြန်ရောက်ချလာသည်မို့ အနည်းငယ်တော့လန့်သွားသည်။

"ခရီးသွားချင်တယ်ဆိုလို့အဖော်ရအောင်ငါ့အသိကိုခေါ်လာတာ ငါ့အသိမို့လို့လေ"

ကျွန်တော်ပဲထင်နေတာလားဒါမှမဟုတ်ဒီကလေးကပဲ အသိဆိုတဲ့စကားကိုပိုဖိပြောနေသလားလို့။ ဟင်း ကလေးတွေများ လက်စသတ်တော့သူဒီစကားကို စိတ်ကောက်သွားတာကိုး။

"အာ.. ဟုတ်လား ငါကအစ်ကိုချောချောလေးကို အကောင့်တောင်းမလို့"

"နောက်မှတောင်းပေါ့ အသိအစ်ကိုကြီးကပင်ပန်းနေတော့ ခေါ်သွားလိုက်တော့မယ်နော အသိအစ်ကိုကြီး လာလေ"

Gazing the CloudsWhere stories live. Discover now