(13)

253 30 7
                                    

Gazing the Clouds
(Unicode)

အပိုင်း ဆယ့်သုံး
မင်း : ကိုယ့်အပိုင်မဟုတ်သည့် ကိုယ့်အပိုင်

ဘယ်လောက်တောင်သောက်ခဲ့မိလဲမသိ မနေ့ကအရှိန်သည် အခုထိမသေသေး မနက်မှန်းညမှန်းတောင်မသိသည်အထိဖြစ်ကုန်သည်။ ခြေလှမ်းတွေလဲ ယိုင်တိုင်တိုင်ဖြစ်နေတုန်းပင်။အခုလဲထွက်ပြေးလာပြီးဘယ်နေရာမှာအိပ်ခဲ့မှန်းမသိရာက လှုပ်လှုပ်ရှားရှားလုပ်မိတော့ ဓာတ်တိုင်နားတွင်ထိုးအန်မိ၏။

"ရော့!"

ဘာကြောင့်ရယ်မသိ စိမ်းသက်ခြင်းမရှိသည့်အသံသည် နွေးထွေးမှုကိုပါ တစ်သားတည်းခေါ်ဆောင်လာသကဲ့သို့ စိတ်အေးရစေသည်။

"အမူးပြေအချိုရည် သောက်လိုက်"

"ခင်ဗျားဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"

မျက်မှောင်ကြုတ်ကာအူတူတူရုပ်လေးနှင့် တစ်လုံးချင်းပြောလာပုံကိုကြည့်ရင်း ရယ်ချင်စိတ်ကို မနည်းထိန်းချူပ်ထားရသည်။

"ငါဒီကိုရောက်နေတာမဟုတ်ဘူးမင်းကဒီကို ရောက်လာတာ"

"ခင်ဗျာ အဲ့ဒါကဘာကို..."

ပြောရင်းဆိုရင်းဘေးဘီကိုဝေ့ဝိုက်ကြည့်တော့မှ ဂိမ်းဆိုင်ရှေ့ကဓာတ်တိုင်တွင်ထိုးအန်နေမိမှန်း သတိထားမိပြီး ရှေ့ကရပ်နေသူက ပြုံးဆဆလုပ်နေသည့်ပုံရိပ်သည် ဝေဝါးသည့်အမြင်အာရုံတွေထဲ တိုးကာဝင်လာ၏။

"နောက်တစ်ခါဘီယာလာမရှာနဲ့တော့ သောက်နိုင်တာလည်းမဟုတ်ပဲနဲ့"

"ပထမဆုံးအကြိမ်သောက်ဖူးတာပေမယ့် နောက်တစ်ခါသောက်ချင်စိတ်ကိုမရှိတော့တာ ဒီလောက်ဒုက္ခများတာကို လူတွေဘာလို့ကြိုက်ကြလဲဆိုတာ နားကိုမလည်နိုင်တော့ဘူး"

"မင်းသောက်ချင်တယ်ဆိုပြီးရောက်လာတုန်းကရော ဘာကြောင့်သောက်ချင်ခဲ့တာလဲ"

"..."

"မင်းအခုစဥ်းစားနေတဲ့အဲ့အကြောင်းပြချက်ကြောင့် လူတွေကရင်ထဲကအပူကိုငြှိမ်းဖို့ ကြိုးစားကြတာနေမှာပေါ့"

တွေးဆဆပြုနေပုံကိုကြည့်ရင်းမျက်တွင်းတွေပါ ချိုင့်သည်အထိပင်ပန်းနေသည့်သူ့ပုံစံသည် တစ်မျိုးတစ်ဖုံဖြင့် စိတ်မချမ်းသာစရာဖြစ်စေသည်။

Gazing the CloudsWhere stories live. Discover now