(23)

175 18 4
                                    

Gazing the Clouds
(Unicode)

အပိုင်း နှစ်ဆယ့်သုံး
နွေးထွေးခြင်းအပြည့်နှင့် ရင်ခွင်တစ်စုံ

"ဟီးဆွန်းဟျောင်း!!"

"ဘာကိစ္စလာအော်ဟစ်နေပြန်တာလဲကွာ"

"ဂျပန်လိုက်မယ်ဆို"

"ငါလိုက်မှာမဟုတ်ဘူး မင်းအတင်းခေါ်တာပါ"

"အဲယ်း ဘယ်လိုပဲဖြစ်ဖြစ်လေ ကျွန်တော်နဲ့ လိုက်ခဲ့မှာပဲမလား"

"အင်း"

"ဒါဆိုလာလေဗျာ ဟီးဆွန်းဟျောင်းအိပ်နေဦးမယ်မှန်းသိလို့ကို စောစောလာခဲ့တာ ကျွန်တော်မနေ့ကပြောခဲ့တယ်လေ စောစောလေးထနှင့်ပါဆိုတာကို ဟီဆွန်းဟျောင်းက.."

"စကားတွေများလိုက်တာကွာ မနက်ကတည်းကပူညံပူညံနဲ့"

"ဒီလိုဖြစ်အောင်လုပ်တာ ဟျောင်းပဲလေ"

ပြုံးဆဆနှင့်မျက်နှာထားလေးသည် လူကိုစိတ်ဆိုးအောင်လုပ်ထားပြီး သူကတော့တမင်စနေသည့်ဟန်ပင်။

"ဘာလဲ ကျွန်တော့်ကိုသက်သက်နောက်နေတာလား"

"စိတ်မပူပါနဲ့ လူပဲမပြင်ရသေးတာ အထုပ်တွေအားလုံးသိမ်းပြီးပါပြီ ကလေးစုတ်ရဲ့"

"ဟီဆွန်းဟျောင်းကဗျာ.."

တစ်ခုခုအမှားလုပ်ပြီဆိုဝုန်းဝုန်းဒိုင်းဒိုင်း‌ဆူပစ်ချင်တဲ့အထိ စိတ်ကဒေါသမီးထလာပေမယ့် အဲ့ဒီလူဘက်က ကလေးစုတ်ဆိုသည့်စကားတစ်ခွန်းနဲ့တင် ရင်ခွင်တစ်ခုလုံးအေးချမ်းသွားခဲ့သည်။

မလွယ်လွန်းဘူးလား။ ဆူဖို့အားခဲထားတာတွေအကုန် ခဏလေးအတွင်းပျောက်သွားတာ တကယ်လွယ်လွန်းတာမဟုတ်ဘူးလား။

"အင်းပါ ကျွန်တော်ရှုံးတယ် ဟျောင်းကိုဆူဖို့တိုက်စစ်ဆင်လာတာ ဟျောင်းဆီကစကားတစ်ခွန်းနဲ့တင် ကျွန်တော်အရှုံးပေးပါပြီ တကယ် အရှုံးပေးတယ် တစ်ဘဝလုံးစာအရှုံးပေးမှာမို့ ကျွန်တော်နဲ့လက်ထပ်မလား"

"ကောင်းတာပေါ့.. အဲ နေပါဦး မင်းဘာပြောလိုက်တာ"

ရုတ်တရက်မို့‌ယောင်ပြီးကောင်းတာပေါ့ဆိုကာခေါင်းငြိမ့်မိလိုက်ပေမယ့် သေချာနားထောင်ကြည့်မှသူပြောလိုက်သည့်စကားက သိပ်မူမမှန်ကြောင်းသတိထားမိချိန် ထိုကလေးကပြုံးစိစိနှင့်။

Gazing the CloudsWhere stories live. Discover now