(3)

374 40 0
                                    

Gazing the Clouds
(Unicode)

အပိုင်း သုံး
အသက်ဝင်လာသော ပန်းချီကား

"အစ်ကိုလေး နိုးပြီလား"

အခန်းတံခါးခေါက်ကာ လာနှိုးသံကြားတော့ စားပွဲပေါ်ကနာရီကိုလှမ်းကြည့်မိသည်။

ခြောက်နာရီမထိုးခင်ငါးမိနစ်။

စောင်ကိုခေါင်းမြီးပြန်ခြုံကာဦးလေးချွန်းဟန်ဆိုသူအား လတ်တလောအဖေရောက်နေသည့် ဂျပန်မှာသာအလုပ်သွားလုပ်ဖို့မျှော်လင့်မိသည်။ဂျပန်ကလူတွေကအချိန်တိကျတော့ သူနဲ့သိပ်အဆင်ပြေလောက်မည်မလား။ဒါမှအိပ်ချင်တဲ့အချိန်ထိအိပ်လို့ရမှာ။

"အစ်ကိုလေး နိုးပြီလား"

"အင်း ဆင်းလာခဲ့မယ်"

"ဟုတ်ကဲ့ နောက်ငါးမိနစ်အတွင်းပြင်ဆင်ပြီးဆင်းလာမှ ကျောင်းကိုအချိန်မှီရောက်မှာပါ ဒါကြောင့်မြန်မြန်..."

"ဆင်းလာခဲ့မယ်လို့ပြောနေတယ်လေဗျာ"

"ဟုတ်ကဲ့ ဒါဆိုအောက်ထပ်မှာစောင့်နေပါ့မယ်"

အချိန်တိကျလွန်းတိုင်းကောင်းသည်ထင်နေရင်တော့ ရှင်းမ်ဂျယ်ယွန်းတို့ကအဆိုးဆုံးသောလူဖြစ်လိမ့်မည်။

ဗီရိုထဲကအသင့်လျှော်ဖွပ်မီးပူတိုက်ပြီးချိတ်ထားသည့် ကျောင်းဝတ်စုံကိုယူဝတ်ကာရှူးဖိနပ်အနက်ရောင်တစ်ရံပါ တစ်ခါတည်း စီးလိုက်သည်။အသက်ရှုကျပ်သည်ဟုခံစားရတာကြောင့် ကျပ်ကျပ်ကြီးစည်းထားလေ့မရှိသောနက်ခ်တိုင်ကိုလည်း ထုံးစံအတိုင်းခပ်လျော့လျော့သာဝတ်ထား၏။

နောက်ဆုံးအနေနဲ့ကိုယ်လုံးပေါ်မှန်တွင်ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်းသက်ပြင်းရှည်ကြီးတစ်ချက်ချသည်။ မှန်ဘေးကခုံတွင်တင်ထားသည့်ပုံကို စိုက်ကြည့်ပြီးနောက် ရှုပ်ပွနေသည့်ဆံပင်များကို ဂျယ်နှင့် သေသပ်အောင်ဖြီးတင်လိုက်၏။

"အိုကေ Let's Go"

ကျောပိုးအိတ်ကိုကောက်လွယ်ကာအိမ်အောက်ထပ်သို့ ဆင်းလာတော့ဦးလေးချွန်းဟန်ကမနက်စာစားပွဲနားတွင် အသင့်ရပ်စောင့်နေသည်။

"အစ်ကိုလေး မနက်စာတစ်ခုခုစားပါဦး"

"ဟင့်အင်း ကျွန်တော်ဘယ်တုန်းကမနက်စာ စားဖူးလို့လဲ"

Gazing the CloudsWhere stories live. Discover now