(7)

323 28 6
                                    

Gazing the Clouds
(Unicode)

အပိုင်း ခုနစ်
သရဲမကြောက်တတ်သော ကောင်လေး

"အကိုဂျေး"

နောက်တစ်ကြိမ်ခေါ်မိသည့်အချိန်တွင်ခပ်တွေတွေ စိုက်ကြည့်လာခဲ့သည့်မျက်ဝန်းကျဥ်းတွေကြောင့် စိတ်လှုပ်ရှားကာလက်ကဂျာကင်ကို တင်းကျပ်စွာဆုပ်လိုက်မိသည်။

"အင်း ပြော"

"ခုတလော ဘယ်တွေပျောက်နေတာလဲ"

"ဒီတိုင်း ရှင်းစရာကိစ္စလေးတွေလိုက်ရှင်းနေတာ မင်းကရော"

"ခင်ဗျာ.. အဲ့ဒါဘာကို"

နားမလည်ကြောင်းပြောပြတော့အကိုဂျေးက ဆေးလိပ်ကို တစ်ရှိုက်ရှုထုတ်လိုက်ကာ မျက်မှောင်ကြုတ်ရင်း ရပ်နေသည့်နေရာကိုရောက်လာ၏။

"ထားပါ မဖြေလဲရတယ် မင်းဒဏ်ရာအခြေ
အနေကို ခုနားကပဲသေချာမြင်လိုက်ရပြီမို့"

"ဟုတ် သက်သာနေပါပြီ"

"သက်သာတာနဲ့ပြေးချင်ရာလျှောက်ပြေးနေတတ်တာက နဂိုကတည်းကအကျင့်လိုဖြစ်နေတာလား ဂျယ်ယွန်း "

"မဟုတ်ပါဘူး အကိုဂျေးကိုမတွေ့တော့လို့လိုက်ရှာရင်းပြေးလာမိတာ"

"မဟုတ်လဲကျောင်းမှာတွေ့ရတာပဲ ပြေးလိုက်စရာမလိုပါဘူး အလကားဒဏ်ရာထပ်ရအောင်လုပ်နေသလိုပဲ"

"မတွေ့ရဘူးလေ မသိရင်အကိုကျွန်တော့်ကို ရှောင်နေသလိုမျိုးဆက်တိုက်ကိုမတွေ့ရတာ"

"မအားလို့"

"သေချာလို့လား တကယ်လို့မတွေ့ချင်လို့တမင်ရှောင်နေတာဆိုရင်တော့ ကျွန်တော်အခုပဲအကို့ကိုမမြင်ချင်ယောင်ဆောင်ပြီး ပြန်ထွက်သွားပေးလို့ရပါတယ်"

"......."

တွေးဆဆနှင့်အဝေးကိုငေးကာငြိမ်နေပုံထောက်တော့ တမင်ရှောင်နေသည်ဆိုတာပြောပြနေစရာတောင်မလိုတော့သည်မို့ အခက်မတွေ့စေရန်နေရာကနေ အလိုက်တသိထွက်သွားရန် ပြင်လိုက်သည်။

"နားလည်ပါပြီ"

ဆုံးဖြတ်ချက်သေချာချမှတ်ကာ အကိုဂျေးကိုကျောခိုင်းပစ်လိုက်သည်။စိတ်ထဲကအတိုင်း လာရာလမ်းကိုသာဖြောင့်ဖြောင့်ပြန်ပြီး ဂိမ်းဆော့ရင်းသာ စိတ်ဖြေပစ်တော့မည်။

Gazing the CloudsWhere stories live. Discover now