(22)

192 19 7
                                    

Gazing the Clouds
(Unicode)

အပိုင်း နှစ်ဆယ့်နှစ်
Selfie ရိုက်စက်၏လျှို့ဝှက်ချက်

"ဟီးဆွန်းဟျောင်းးး!"

မနက်စောစောအချိန်ဆိုပေမယ့် ဟီးဆွန်းဟျောင်းကို တွေ့ချင်လွန်းတာကြောင့် ဆိုင်တံခါးပိတ်ထားလဲ ဆိုင်ရှေ့လာအော်နေရခြင်းပင်။ အဲ့မဲ့တဲ့တဲ့မျက်နှာနဲ့မျက်လုံးလေးကိုပွတ်ကာ ထွက်လာမည့်မြင်ကွင်းကိုမြင်ချင်မိ၍ဆိုရင်လဲ မှားမည်မထင်ပါ။

"အားးး"

"ပတ်ဆောင်းဟွန်း!!"

"ဘယ်သူသေလို့အဲ့လောက်အော်နေရတာလဲ"

"မနက် ခြောက်နာရီကွ ခြောက်နာရီလို့!!"

တံခါးကိုဖွင့်ကာ မျက်လုံးကိုလဲပွတ်ရင်းတံခါးဝကနေ လှမ်းအော်နေသည်။ အဖြူရောင်တီရှပ်က‌လေးနှင့်ဘောင်းဘီအနက်ပွပွလေးဝတ်ထားပြီး ထိုရှုပ်ပွနေသည့်ဆံပင်တွေကအစ အူယားစရာလေးပင်။အသည်းယားလွန်းလို့ ပါးလေးကိုဆွဲကိုက်ချင်စိတ်ကို မနည်းထိန်းထားရသည်။

"တောင်းပန်ပါတယ်ဗျာ.."

"မင်းတရားလွန်လိုက်တာ မနေ့ကငါ့ဆိုင်မှာ ဖောက်သည်များလို့ ပင်ပန်းနေပါတယ်ဆိုမှ အလိုက်ကန်းဆိုးကိုမသိဘူး ဆိုင်ထဲမဝင်နဲ့ အပြင်မှာပဲနေ"

"ဟာဗျာ"

"တကယ်ကြီးအဲ့လိုရက်စက်တော့မှာလား"

"မင်းမှမလိမ္မာတာ"

"မလိမ္မာတာမဟုတ်ရပါဘူး ကျွန်တော်ကဟီဆွန်းဟျောင်းကို အရမ်းသတိရလွန်းလို့ တွေ့ရအောင် စောစောလာခဲ့တာပါ"

"ဟျောင်းကကျွန်တော့်ကို တကယ်ပဲနှင်လွှတ်တော့မလို့လားဗျာ.."

ပျစ်ချွဲနေသည့်ဒီကောင်လေးကိုကောင်မလေးတွေ သဘောကျကြသည်မှာလဲ အဆန်းမဟုတ်။ ဒီလောက်ပျစ်ချွဲနေမှတော့ ကောက်ကောက်ပါအောင် လိုက်ကြမှာပေါ့။ ကလေးတွေများ တတ်တယ်ဆိုတာလေ။

"ဝင်"

"ဟီး ဒါကြောင့် ဟီးဆွန်းဟျောင်းကိုချစ်..!"

ရုတ်တရက်မျက်နှာနားတိုးကပ်လာသည့်နှုတ်ခမ်းတစ်စုံအား လက်ဖြင့်ပိတ်ကာတားဆီးပစ်လိုက်သည်။

Gazing the CloudsWhere stories live. Discover now