(8)

270 37 6
                                    

Gazing the Clouds
(Unicode)

အပိုင်း ရှစ်
ညှို့ယူခြင်းခံရသော နှလုံးသားတစ်စုံ

"ဆောင်းဟွန်းဟျောင်း"

"ဆောင်းဟွန်းဟျောင်း"

"ကျွန်တော်လက်နာနေပြီလို့!"

အကိုဂျေးရပ်ကျန်နေခဲ့သည့်နေရာကနေအတော်လေး လှမ်းလာပြီဖြစ်ပေမယ့်ဆောင်းဟွန်းဟျောင်းက ဆက်တိုက်ကိုဆွဲခေါ်လာသည်မို့မနေနိုင်စွာ ထအော်မိသည်။ဆောင်းဟွန်းဟျောင်းက နောက်ကိုတစ်ချက်လှည့်ကြည့်လာပြီး အရှေ့ကိုပြန်လှည့်ကာခြေလမ်းမှန်မှန်သာ ဆက်သွားနေ၏။

"ဘယ်အထိခေါ်သွားမလို့လဲ ကျွန်တော်ကိုယ့်ဘာသာလဲ အိမ်ပြန်တတ်တယ်"

"ကိုယ့်ဘာသာအိမ်ပြန်မှာမို့လို့ ဒီလက်ကိုလွှတ်ပေးပါ ဆောင်းဟွန်းဟျောင်း"

"ဆောင်းဟွန်းဟျောင်း!!"

ဘယ်လိုခေါ်ခေါ်ဘာပဲပြောပြောပြန်၍လှည့်ကိုမကြည့် ရှေ့ကိုသာဆက်တိုက်သွားရင်း
မသိရင်ကျကျန်နေခဲ့မှာ စိုးရိမ်နေရသည့် အရုပ်ကလေးအလား လက်ကောက်ဝတ်ကိုလဲ ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

"ဆောင်းဟွန်းဟျောင်း.."

လျှောက်လာရင်းကလမ်းထိပ်တစ်ခုကိုရောက်တော့ ဦးလေးချွန်းဟန်ကကားကိုမှီရပ်ပြီး ဒီဘက်ကို စိုက်ကြည့်နေသည်။ ရုတ်တရက်မို့အထိတ်တလန့်ဖြစ်ကာဆောင်းဟွန်းဟျောင်းကို ခေါ်သော်လည်းဟျောင်းကလှည့်ကိုမကြည့်။ လက်ကောက်ဝတ်ကလက်ကိုလည်းအားချင်းမမျှတာမို့ ဆွဲဖြုတ်လို့မရပေ။

"ဆောင်းဟွန်းဟျောင်း!!"

"ရှင်းမ် ဂျယ်ယွန်း"

"ငြိမ်ငြိမ်မလိုက်လာရင်ဒီထက်အခြေအနေဆိုးလာရုံအပြင်မရှိဘူးနော်"

"ဘာလို့ဦးလေးချွန်းဟန်ကိုခေါ်လိုက်တာလဲ"

"မခေါ်စေချင်ရင်အစတည်းကဘာလို့ပြောစကားကိုနားမထောင်တာလဲ"

"ကျွန်တော်ကဘာတွေလုပ်နေလို့လဲ"

"ကားပေါ်တက်"

"မတက်ဘူး ကျွန်တော်အကိုဂျေးဆီသွားရဦးမယ်"

"ဘာလုပ်ဖို့လဲ"

Gazing the CloudsWhere stories live. Discover now