(10)

272 29 4
                                    

Gazing the Clouds
(Unicode)

အပိုင်း တစ်ဆယ်
ဘီယာရောင်းသည့် ဂိမ်းဆိုင်

"ဒုန်းး!"

​ပြုတ်ကျသံတစ်ခုကြားတာကြောင့်လေးလံနေသည့် မျက်ဝန်းအစုံကိုခပ်ဖြေးဖြေးဖွင့်ကြည့်မိသည်။

"နိုးသွားပြီလား"

မီးဖိုခန်းမှခပ်သွက်သွက်ပြေးလာကာ ခါးတွင် အေပရွန်ကိုလည်း ချည်ထားပြီး လက်တွင်လည်း ဇွန်းတစ်ချောင်းကိုင်ထားသည့်အကိုဂျေး၏ပုံစံမှာ အိပ်မက်လို့တောင် ထင်ချင်စရာကောင်းနေသည်။

"အိပ်မက်မက်နေတာလား"

ခပ်တိုးတိုးရေရွတ်ရင်းမျက်စိကိုပွတ်ကာ နောက်တစ်ကြိမ်ကြည့်တော့ ပြန်စိုက်ကြည့်နေသည်။ တကယ်ကြီးအိပ်မက်မဟုတ်ဘူးပဲ။

"အကိုဂျေး"

"အင်း အကို့ကြောင့်နိုးသွားရင်ဆောရီးကွာ"

"မဟုတ်ပါဘူး ကျွန်တော်နိုးသင့်တဲ့အချိန်ရောက်နေပြီပဲကို"

နာရီကိုတစ်ချက်လှမ်းကြည့်ကာပြောတော့ အကိုဂျေးက ပြုံးသည်။

"တကယ်တော့မင်းကတစ်ခါမှအေးဆေးမအိပ်ဖူးသလိုမျိုး အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလို့အကိုလဲ မင်းဘာသာနိုးလာမယ့်အချိန်ကိုစောင့်နေတာ"

"ဒါပေမယ့် မြင်တဲ့အတိုင်းမင်းကိုနိုးအောင် လုပ်မိသွားတယ်"

"အာ မဟုတ်တာဗျာ ဒါနဲ့အကိုဂျေးကမနက်စောစောစီးစီး ဘာတွေလုပ်နေတာလဲ"

"အကိုမနေ့ကပဲပြောထားတယ်လေ မေ့သွားတာတော့မဟုတ်ပါဘူးနော်"

ပြန်တွေးကာစိတ်ထဲပေါ်လာသည်အား သဘောပေါက်သွားပြီး အကိုဂျေးကို လှမ်းကြည့်လိုက်တော့ မျက်ခုံးတစ်ဖက်ကိုပင့်ကာ ပြုံးပြနေသည်။

"သွား မျက်နှာသွားသစ်တော့ အကိုအဆင်သင့်ခူးခပ်ပြီးစောင့်နေမယ်"

"ဟီး ဟုတ်"

သွားချွန်လှလှလေးတွေပါပေါ်လာအောင်အထိ ပြုံးပြပြီးအိပ်ရာပေါ်ကစောင်လေးကိုခေါက်ကာ ရေချိုးခန်းထဲအမြန်ပြေးဝင်သွားသည့် ပုံရိပ်ငယ်နောက် ဂျေး၏အကြည့်တို့ထပ်ကြပ်မခွာလိုက်ပါသွားခဲ့၏။

Gazing the CloudsWhere stories live. Discover now