(19)

228 18 11
                                    

Gazing the Clouds
(Unicode)

အပိုင်း တစ်ဆယ့်‌‌ကိုး
နှလုံးသားတစ်စုံ၏ ဖွင့်ဟဝန်ခံချက်

"ရှင်းမ် ဂျယ်ယွန်း!!"

‌အဖေ့အော်သံကြားတာကြောင့်ကုတင်ပေါ် လှဲနေရာမှ အလန့်တကြားထထိုင်မိသည်။ဘေးဘီကြည့်ကာအားကိုးရာရှာရင်း အကိုဂျေးမရှိတာတွေ့တော့မှ အကိုဂျေးကရေဘူးနဲ့မုန့်ဝယ်ဖို့ထွက်သွားတာကို သတိရသွား၏။

သေပါပြီ။ ဘယ်ကိုပြေးပုန်းရတော့မလဲ။ဆေးပေးခန်းမှာက ပုန်းစရာနေရာမှမရှိတာ။အခုကုတင်အောက်မှာပုန်းရင် ရပေမဲ့ဘယ်လိုပုန်းပုန်း နောက်ဆုံးတွေ့သွားမည်ပဲဟာ ဆက်ကာပုန်း၍နေနိုင်မည်တဲ့လား။

"ရှင်းမ် ဂျယ်ယွန်း!!"

အသံကျယ်ဟာအနားကိုနီးလာတာနဲ့အမျှ ကျယ်လောင်လာပြီးနောက် လိုက်ကာကိုအားနဲ့ဆွဲဖွင့်လာသည်။

"အ.. အဖေ!!"

"ဘာလို့မင်းလုပ်လိုက်တိုင်း ပြဿနာတွေချည်း ဆက်တိုက်တက်နေရတာလဲ"

"အဖေ အဲ့ဒါက ကျွန်တော်ရှင်းပြ..!"

"တော်စမ်း ဘာလို့ဆောအင်ဂုမျက်နှာကိုသွေးအလိမ်းလိမ်းဖြစ်အောင်အထိလုပ်လိုက်တာလဲ ဆေးရုံတောင်တင်ထားရတယ်တဲ့"

"ဒါတွေသာမီဒီယာကိုပေါက်ကြားကြည့်ပါလား ငါကပြိုင်ဘက်ဆောဂျီဝန်းကိုမကျေနပ်လို့ မင်းကတစ်ဆင့်သူ့သားကို အနိုင်ကျင့်ခိုင်းတာဆိုပြီး သတင်းတွေပွတက်လာမှာ"

"ဒါပေမဲ့ အဖေကျွန်တော်က..!"

"မင်းကိုဒီအရွယ်အထိလိုလေသေးမရှိအောင် ကျွေးမွေးထားခဲ့ပြီလေ ဘာလို့ပြဿနာတွေပဲရှာနေရတာလဲ"

"ပြဿနာကောင် ပြဿနာရှာဖို့ကလွဲပြီးမသိတဲ့ သောက်သုံးမကျတဲ့ကောင်"

အရင်ကအဖေဒီလောက်ထိဒေါသထွက်နေပုံကို တစ်ခါမှမမြင်ဖူးခဲ့တာမို့ရင်တွေတုန်ကာ အကိုဂျေးခြုံထားပေးခဲ့သည့် စောင်လေးကိုတင်းကြပ်စွာလက်ဖြင့်ဆုပ်ထားမိသည်။

"ဒီကိစ္စကိုကျွန်တော်အရင်လုပ်တာမှမဟုတ်တာ သူ့ဘက်ကအရင်ရန်စလာတာလေ"

"အော် အခုကျတော့ငါ့ကိုပြန်ပြောဖို့တောင် အတင့်ရဲလာပြီပေါ့လေ"

Gazing the CloudsWhere stories live. Discover now