[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၈ ။ အတိတ်အကြောင်းများထောင်မုသည် တစ်ကိုယ်ရေးသန့်ရှင်းမှုကို အနည်းငယ် စွဲလမ်းသည်။ ထို့ကြောင့် သူသည် နိုက်ဒ်ကလပ်မှ အဆောင်သို့ ပြန်ရောက်သောအခါ ညသန်းခေါင်ကျော်နေသည်ဖြစ်သော်လည်း ညအိပ်၀တ်စုံထုတ်ပြီး ရေချိုးခဲ့သည်။
တစ်ညနေခင်းလုံး ရေပိုက်ဒဏ်ကို ခံလာရပြီးသည့်နောက် ထောင်မု၏ ခန္ဓာကိုယ်တွင် ခရမ်းရောင်နှင့် အစိမ်းရင့်ရောင် အမည်းစက်များ၊ ပို၍စိုးရမ်ရသောသွေးထွက်နေသည့် ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။ အဖြူရောင်အသားရေပေါ်တွင် များစွာသော ဒဏ်ရာများသည် ကြောက်စရာကောင်းလောက်အောင် ထွက်ပေါ်လာခဲ့သည်။ ရေပူများသည် ပိုက်မှတစ်ဆင့် စီးကျလာပြီး ခန္ဓာကိုယ်ထက်မှ ဒဏ်ရာများသည် ရေပူများနှင့် ထိတွေ့သောအခါ နာကျင်စွာခံစားလိုရသည်။ ထောင်မုသည် နာကျင်သောကြောင့် ရေချိုးဆပ်ပြာနှင့်တောင် မတိုက်ဝံ့တောပဲ ရေနှင့်သာ ဆေးချပြီး ထွက်လာခဲ့သည်။
တမောက် ပြင်ဆင်ပေးထားသည့် အအေးပျောက်ဆေးကို သူငယ်ချင်းနှစ်ယောက်၏ စောင့်ကြည့်နေမှုအောက်တွင် ထောင်မုသည် ဆေးကို နှာခေါင်းပိတ်၍သောက်လိုက်သည်။ သူ၏စိုနေသော ခေါင်းပေါ်မှ တံဘတ်ကို ကိုင်ပြီး မကျေနပ်သောအကြည့်ဖြင့် စားပွဲခုံပေါ်သို့ထိုင်လိုက်ပြီး နေ့စဉ်မှတ်တမ်းစာအုပ်ကိုထုတ်ကာ တစ်နေ့တာအကြောင်းများ မှတ်တမ်းတင်ရန် ပြုလုပ်ခဲ့သည်။
တမောက်နှင့် ရှောင်ဖန်းတို့သည် ပြုံးပြီး " ငါတို့ကို နေ့စဉ်မှတ်တမ်းထဲမှာတော့ ဆူမနေနဲ့အုံးနော်! " ဟု စနောက်ခဲ့ကြသည်။
ထောင်မုနှင့်ရင်းနှီးသည့် သူတိုင်းသိကြသည်မှာ သူသည် အဆိပ်ပြင်းပြီး မာနကြီးသောမျက်နှာနှင့် စိတ်တိုလွယ်သည့် လူတစ်ယောက်အဖြစ်သိရှိကြသည်။ သို့သော် ထောင်မုတွင် အထူးသဖြင့် ကောင်းမွန်သော အကျင့်တစ်ခုရှိပါသေးသည်။ ထိုအရာသည် နေ့စဉ်မှတ်တမ်းရေးခြင်းပင်ဖြစ်ပါသည်။ ဖြစ်နိုင်တာကတော့ တခြားလူတွေအမြင်မှာ ထိုအလေ့အကျင့်သည် အလွန်ပျော်ရွှင်ဖွယ်ကောင်းပြီး ၀မ်းနည်းစရာလည်းကောင်းသည်။ ထိုကဲ့သို့ နေ့စဉ်မှတ်တမ်းရေးခြင်းသည် စိတ်ထွက်ပေါက်ရှာခြင်း မဟုတ်သလို ပြောမထွက်ခဲ့သည့်စကားများ ရေးခြင်းမဟုတ်သည်ကို ထောင်မု တစ်ယောက်တည်းသာ သိလိမ့်မည်။ သူသည် တစ်နေ့တာဖြစ်ပျက်ခဲ့သမျှနှင့် အနာဂတ်တွင် သူ့အတွက်အထောက်ကူဖြစ်စေမည်ဟုထင်သည့် သူများ၏အတင်းအဖျင်းများ၊ သတင်းများကို ချရေးခဲ့သည်။ သူသည်တစ်ချိန်တွင် ထိုလူတို့နှင့် တွေ့ရပေလိမ့်မည်။ လူအပေါ်မူတည်ပြီး သူ၏တုံ့ပြန်ချက်သည်လည်း ပြောင်းလဲလိမ့်မည်။ ပိုပြီးတိကျသေချာဖို့ ဒီအချက်အလက်တွေကိုပဲ သူ့အကျိုးအတွက်အသုံးချမည်။

YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
RomanceName -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Romance, Shounen Ai Chapters - 293 + 5 extras ငယ်စဉ်ကလေးဘဝကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ Tao Mu က သူ့ဘဝဟာ ဇာတ်ညွှန်းမှားကောက်မိလို့ ဖြစ...