1

237 9 0
                                    

"ခစ်ခစ် ရာဇ် ရာဇ် ဟားဟား"
ရေနှင်းဆီသည် မနက်ခင်းတိုင်း မျက်လုံးပြာပြာတွေရှိသော ပိုင်ရှင်ကို အမြဲအိမ်မက်မက်ကာ နိုးလာတတ်သည်.. ထိုအိပ်မက်များကလဲပျော်ရွင်စရာပုံရိပ်တွေ ထင်ဟပ်‌လို့နေလေသည်။ အဲဒီမျက်လုံးပြာပြာပိုင်ရှင်ကို သူထင်သောသူတစ်ယောက်တော့ရှိသည်...

ရေ ထမှရတော့မည်ဆိုသောစိတ်မွေးကာ ထထိုင်လိုက်သည်၊ ရေ မျက်လုံများကို‌ဘေးဘီဝဲကြည့်မိတော့ နှင်းဆီပြာပြာတွေပေါ် နေရောင်ခြည်နုနုလေးက ဖျားကျလျှက်ပင်...ထိုသို့မြင်ကွင်ကိုမြင်တိုင်းသူ့အမေကိုသတိရမိသည် သူ့အမေ သူ့နာမည်ကို ထို့သို့‌သောအဓိပ္ပာယ်ဖြင့် ပေးခဲ့ချင်မလား....ရောင်ခြည်နှင်းဆီဆို ရှည်မှာဆိုလို့တဲ့ ရောင်ခြည်အနေဖြင့် Rayလို့အစားထိုးပေးခဲ့သည်။သူကြိုက်သည် နည်းနည်းမကမိန်းမသားဆန်ပေးမယ့်လို့ပေါ့...

သူဗီရိုကိုဖွင့်ပြီး လေယာဉ်မောင်များဝတ်ရ‌သော Uniform ကိုထုတ်ဝတ်လိုက်သည် အပေါ်ထပ်ကုတ်ကိုမဝတ်သေးဘဲ ကုတင်ပေါ်တင်လိုက်သည်။ဗီဒိုဘေးတွင်နေရာချထားသော သူရဲ့ Luggage ကိုမုဆိုးဒူး‌ထောက်ထိုင်ကာဖွင့်လိုက်ပြီး ဘာလိုအပ်လဲဆိုတာကိုစစ်ဆေးလိုက်သည်။

ဇစ်...

"ခရီးက တစ်ပတ်လောက်ဆိုတော့လောက်ဆိုတော့ အင်္ကျီကလောက်ပါတယ် မလောက်လဲဝယ်ဝတ်ပေါ့...ဟင့်..." တစ်ချက်ပြုံးမိသည် ဒါကဘာကြောင့်လဲဆို သူတာဝန်ကျတဲ့လေယာဉ် ရဲ့ ကပ္ပတိန်က...အင်း...သူသိပ်မြတ်နိုးမိသူပေါ့။

ဇစ်....

အိတ်ကိုပိတ်လိုက်ပြီး ထောင်လိုက်သည်။ လက်ကိုင်ကိုဆွဲထုတ်ကာ ကုတင်ဆီဆွဲလာပြီး ကုတင်ပေါ်တင်ထားသော သူကုတ်ကို ဘယ်လက်ပေါ်ချိတ်တင်လိုက်သည် ညာလိုက်နဲ့အိတ်ကိုဆွဲလာလိုက်သည်။

"ဪ သားသွားတော့မှလား"

"ဟုတ်ကဲ့ဗျ ကြီးကြီး" သူခေါင်းရင်ဘက်ကိုကြည့်ရင် သူအပြာ‌ရောင်နှင်းဆီခင်းများ သတိရသဖြင့် ဂရုစိုက်ပေးဖို့ ကြီးကြီးကိုမှာမိသည်။

"ကြီးကြီး ကျွန်တော့်ပန်းလေးတွေကိုလေ...."

"အမယ်လေးငါ့တူရယ် စိတ်ချပါ မင်းအပင်တွေကိုသေချာဂရုစိုက်ထားမယ် မင်းပြန်လာရင် ပန်းတွေများကြီးပွင့်မှာ လှလှပပပွင့်အောင် ကြီးကြီး ဂရုစိုက်ပါ့မယ် ဘယ်အရာကိုမှနောက်စံတင်မနေနဲ့..ဟုတ်ပြီးလား"ဟု ကြီးကြီးကပြောသည်။

Mr Rerz's RoseWhere stories live. Discover now