21 [Final]

14 2 0
                                    

လက်ထပ်ပွဲတွင် အပြန်လှန်လက်ထပ်စာချုပ်ပေါ်၌ လက်မှတ်ရေးထိုးပြီးကြသည်။ နောက်တော့အတူတကွကတိသစ္စာပြုကြသည်။ အတ္တရာဇ်နှင် ရေနှင်းဆီတို့ဟာ အကြင်လင်မောင်နှံဘဝတို့ရောက်ရှိသွားကြသည်။

ညဘက်တွင် ခြံထဲ၌သူငယ်ချင်းများနှင့်အတူ Dinner ကျင်းပကျသည်။ ဆိုသူကဆို၊ ကသူက က၊ ညစာစားသူကစား၍ စကားများဖောင်ဖွဲ့ကြသည်။

"Ray မင်းနော် ရည်စားရတာလဲမပြောဘူး မင်္ဂလာဖိတ်စာရောက်မှဘဲသိတော့တယ် လျှိုချက်" ဘုန်းကိုသိတာက ရေနှင်းဆီနဲ့စေ့စပ်ထားတယ်ဆိုတာဘဲသိသည်။ တွဲဖြစ်တာတော့မသိသောကြောင့် မေးယူရသည်။

"ဟီး စကားမတိုက်ဆိုင်သေးလို့ မပြောလိုက်ရတာပါ လျှိုတာမဟုတ်ပါဘူးကွာ"

"အေးပါ ကျောင်းတုန်းစီနီယာကို အရယူပုံ လိုက်နည်းလေးပြောပါအုံး"

"ဟာ ဘုန်းကိုကလဲ မလိုက်ပါဘူး"

"မင်းမလိုက်ရင် ကိုအတ္တရာဇ်လိုက်တာလား"

"ဟုတ်တယ် ကိုဘုန်း ကျွန်တော်လိုက်တာ"
ဘုန်းကို ရွတ်နောက်နောက်ပြောလိုက်ပေမယ့် တကယ်ကြီးထဖြေလို့ အတ္တရာဇ်လန့်ရသည်။

"ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်သူငယ်ချင်းစွံတာပေါ့"

"ဟားဟား"

စားသောက်ပွဲတွင်ရယ်သံများ ခြုံလွမ်းသွားသည်။

>>>>>>

ရေနှင်းဆီ သူငယ်ချင်းတွေသိပ်မရှိတော့တာကြောင့် ခြံထဲမှ အိမ်ပေါ်ကိုတက်လာခဲ့သည်။ တနေကုန်လုံး ပွဲတွေကြောင့် ကောင်းကောင်းအနားမယူရသေးတာကြောင့် ခြေကုန်လက်ပန်းကျလေသည်။

ရာဇ်ကတော့ ခြံထဲ၌ သူ့သူငယ်ချင်းများနဲ့စကားပြောတုန်းရှိသေးသည်။

ရေချိုးလိုက်ပြီ အိပ်ခန်းထဲပြန်ရောက်တော့ အိပ်ယာပေါ်ရှိနှင်းဆီပွင့်ဖတ်တွေကြောင့် လူကသတိပြန်ဝင်လာသည်။ သူလက်ထပ်ပြီးသွားပြီအကြောင်းပင်။

အိပ်ခန်းထဲ၌ ပူသလိုလိုရှိလာတာကြောင့် ဝရံတာထွက်လာလိုက်သည်။ မီးများထိန်းနေအောင်ထွန်းထားတာကြောင့် ခြံထဲက နှင်းဆီပင်တွေကိုမြင်ရသည်။

Mr Rerz's RoseWhere stories live. Discover now