7

44 3 0
                                    

အတ္တရာဇ် ရေနှင်းဆီကို သူကားထဲဝင်အောင် မ‌နည်းပြောယူရသည်။ သူဘာသူအိမ်ပြန်မယ်ကြီးလုပ်နေသူကို စိတ်ချလက်ချတော့မလွှတ်လိုက်နိုင်ပါ။

"ခါးပတ်ပတ်လေး နှင်းဆီ"

"ဟုတ်"

"ဘာလဲ ခါးပတ်ကြပ်နေသေးလို့လား"

"မကြပ်ပါဘူး"

"အိမ်ဘဲတန်းပြန်မှာလား"

ရေနှင်းဆီ အတ္တရာဇ်ကိုမျက်လုံးလှန်ကြည်မိသည်၊ စိတ်ထဲကလဲ အိမ်မပြန်ရင် ဘယ်ပြန်ရမလဲ စဉ်စားလိုက်သည်။ စဉ်းစားလဲ အိမ်ဘဲပြန်စရာရှိသည်ကို။

"အိမ်ဘဲပြန်မယ်လေ"

"နေ့လည်ခင်းဆိုတော့ နေ့လည်စာသွားစားကြမလား"

"ရာဇ် ဗိုက်ဆာလို့လား"

"ဟင်.... အင်း ဟုတ်တယ် ဗိုက်ဆာတယ်" ‌နှင်းဆီကိုမကြည့်ဘဲ ကားစက်နိုးလိုက်ကာ ဆေးရုံဝန်းထဲထွက်လိုက်သည်။

"အဲ့ဆို သွားစားကြမယ်လေ"

"....."

အတ္တရာဇ်တို့ကားဟာ စာ‌သောက်ဆိုင်တစ်နေရာမှာထိုးရပ်လိုက်သည်။ ရေနှင်းဆီ စားသောက်ဆိုင်အပြင်ပိုင်း ပြင်ဆင်မှုကြည့်ချင်အားဖြင့် ဈေးကြီးမည်ကိုမြင်ယောင်မိသည်။

"နှင်းဆီ~~"

"ဗျာ"

"ဘာဖြစ်လို့လဲ ခြေထောက်နာနေသေးလို့လား"

"မဟုတ်ပါဘူး" ခြေထောက် ကြည့်‌နေသူကြာင့် ပြာပြာသလဲ ငြင်းဆိုမိသည်။

"အင်းအင်း ခန" ပြောရင် ကားပေါ်ကဆင်ကာ ရေနှင်းဆီအတွက် ကားတံခါးလာဖွင့်ပေးသည်။

"အာ...တံခါးဖွင့်ပေးစရာမလိုပါဘူးဗျ"

"ဟားဟား လာကူတွဲပေးမယ်"

"ခြေထောက်သက်သာနေပါပြီး မလိုတော့ပါဘူး"

"အငြင်းဝါကျတွေ သိပ်ပြောတာဘဲ နှင်းဆီ"

"ဟင်..." ရေနှင်းဆီ အာမေဋိတ်သံတွေညည်းမိသည်။ နောက်ဆုံးတော့လဲ လက်လျှော့ရုံသာ။

စားသောက်ဆုိင်ရဲ့ တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိင်ထဲ တံခါးပေါ် ခေါင်းလောင်လေးဟာ မြည်သွားသည်။ စားသောက်ဆိုင်ထဲ‌ဝင်လိုက် အေးမြတဲ့အဲကွန်းလေအေးကိုရတော့ အပြင်မှာမောပန်းခဲ့‌တာတွေပင် ပျောက်ကွယ်သည်။ ဆိုင်‌ရဲ့အပြင်အဆင်ဟာ Classic ဆန်သည်၊ ဆိုင်ထဲ၌ တေးသီချင်း ငြိမ့်ငြိမ်လေးကိုလဲ ဖွင့်ပြထားသည်။ ဤဆိုင်သူရဲ့စိတ်ကိုကြည်နူးစေသည်။

Mr Rerz's RoseNơi câu chuyện tồn tại. Hãy khám phá bây giờ