18

9 2 0
                                    

အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတစ်ခုလုံးသည် ခရီးသည်မြောက်များစွာနှင့်အသက်ဝင်လို့နေသည်။ ရေနှင်းဆီ ယခုတွင် အီတလီခရီစဉ်တစ်ခု၌ ‌ကောင်းမွန်သောဝန်ဆောင်မှုပေးရန် လေယာဉ်မောင်ဝတ်စုံအား အကျအနဝတ်ထားသည်။ လေဆိပ်ထဲ၌ လျှောက်လှမ်းနေသော ခြေလှမ်းများသည် သိပ်ကိုတတ်ကြွလို့နေ၏။

လေယာဉ်ပေါ်ရောက်သောအခါတွင် စစ်ဆေးနေကြဖြစ်သော အရေးပေါ်စက်ကရိယာများကို ဂရုတစိုက်စစ်‌ဆေးလုပ်ယူရသည်။ အမှားတစ်ချက်ပါသွားလို့ပင်မဖြစ်ပါ။ ပြီးနောက် Pilot cabin room ၌ ကပ္ပတိန်တွေရောက်ရှိကြောင်းသိရတော့၊ ပျံသန်းမှုအသေးစိတ်အချက်လက်များကိုဆွေးနွေးရန် Pilot cabin room ကိုတက်လာလိုက်သည်။

"ကပ္ပတိန်..."

"အမိန့်ရှိပါ..နှင်းဆီ"

"လမ်းကြောင်းက ရာသီဥတုအခြေအနေအဆင်ပြေတယ်မလား ကပ္ပတိန်ရာဇ်"

"အဆင်ပြေတယ်နှင်းဆီ ဘာအခက်ခဲမှမရှိဘူး"

"ဟုတ်ကဲ့ ခန့်မှန်းကြာမယ့်အချိန်လေး ကပ္ပတိန်ရာဇ်"

"ပုံမှန် ၁၁နာရီကြာပေးမယ်၊ ဒီတစ်ခေါက်တော့ ၁၂နာရီကြာမယ် နှင်းဆီ"

"ဟုတ်ကဲ့ပါ ကပ္ပတိန်တို့ တစ်ခုခုလိုအပ်တာများရှိမလား"

"ကိုယ်တော့မရှိဘူး။ ဒီဘက်ကပ္ပတိန်ထက် ဘာများလိုအုံးမလဲ" ရာဇ်က တွဲဖက် ကပ္ပတိန်ကိုမေးလိုက်သည်။

"အာ.. ဘာမှမလိုတော့ပါဘူး‌ဗျ ကျေးဇူးပါ"

"ဟုတ်ကဲ့ ကျွန်တော်ခွင့်ပြုပါအုံး"

"ကောင်းပါပြီ နှင်းဆီ"
"ဟုတ်ကဲ့ပါ" သံပြိုင်ပြောလာသူနှစ်ယောက်ကို ခေါင်းငြိမ့်ပြလိုက်ပြီး kitchen ကိုပြန်ထွက်လာလိုက်သည်။

လေယာဉ်ရောက်လာကျသော ခရီးသည်များကြိုဆိုကြသည်။ အကယ်၍ ခရီးသည်ဘက်က နာမလည်တာတွေ မေးမြန်စရာတွေရှိခဲ့ရင်လဲ ကောင်းမွန်တဲ့‌အဖြေကိုပြန်‌လည်ဖြေပေးရပါသေးသည်။  ရေနှင်းဆီ ခရီသည်များ ကြိုတင်သတိပေးချက်အားပြောပြရသည်။

"ဂုဏ်သရေရှိ လူကြီးမင်းတို့၊ ရန်ကုန် မှ မီလန်သို့ ဝန်ဆောင်မှုဖြင့် လေယာဉ်  A350 တွင် ကြိုဆိုပါသည်။ လောလောဆယ်တွင် ကျွန်တော်တို့သည် လေယာဉ်ပျံတက်ရန်အတွက် ဒုတိယတန်းတွင် ရှိနေပြီး ခုနစ်မိနစ်ခန့်အတွင်း လေထဲသို့ ရောက်ရှိမည်ဟု မျှော်လင့်ရသည်။ ယခုအချိန်တွင် လူကြီးမင်းတို့ထိုင်ခုံခါးပတ်ကို ပတ်ထားရန်နှင့် သင့်ထိုင်ခုံအောက်ရှိ သို့မဟုတ် ခေါင်းစီးခန်းများတွင် အိတ်အားလုံးကို လုံခြုံအောင်ပြုလုပ်ရန် ကျွန်တော်တို့တောင်းဆိုပါသည်။ လူကြီးမင်းထိုင်ခုံများနှင့် စားပွဲဗန်းများကို လေယာဉ် ပြန်သန်းရန်အတွက် မတ်မတ်အနေအထားတွင် ရှိနေရန်လည်း ကျွန်တော်တို့ တောင်းဆိုပါသည်။ လက်ပ်တော့များနှင့် ဆဲလ်ဖုန်းများအပါအဝင် ကိုယ်ရေးကိုယ်တာ အီလက်ထရွန်နစ် စက်ပစ္စည်းအားလုံးကို ကျေးဇူးပြု၍ ပိတ်ပါ။ ပျံသန်းချိန်အတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားသည်။ ဧကရာဇ်လေကြောင်းလိုင်း ကို ယုံကြည်စွာရွေးချယ်‌‌ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။"

Mr Rerz's RoseWhere stories live. Discover now