17

7 2 0
                                    

ရာဇ်တို့သူငယ်ချင်း‌တွေ ချိန်းဆိုထားတဲ့စားသောက်ဆိုင်ကိုရောက်ရှိလာသည်။ ဆိုင်က အခန်းသီးသန့်ခွဲခြားထားသည်။ တခြားဆိုင်‌လိုမျိုး စားပွဲတွေ စီးတန်းချထားတာနှင့်မတူ။ ဆိုင်မှာ စားသောက်မည်ဆိုလျှင် အခန်းအတွက်ဘိုကင်ကြိုယူရသည်။

"နှင်းဆီ သွားကြမယ်"

အခန်းလေးက ဥယျာဉ်တစ်ခုထဲကိုရောက်သွားလိုမျိုးခံစားသည်။ အခန်းထဲနှာ ပန်းပင်မျိုးစုံရှိသလို အပြင်ဘက် လျှောက်လမ်းမှာလဲ ပန်းပင်တွေရှိသည်။ပြီးတော့ ငှက်မျိုးစိတ်တစ်ချို့လဲရှိ‌သေးသည်။

အခန်းထဲတွင် ရာဇ်သူငယ်ချင်းတွေဖြစ်ကြတဲ့ မင်းဟိန်းစ၊ ရသဗိုလ်တို့ရှိကြသည်။ သူတို့နှင့်အတူ မိန်းကလေးတစ်ယောက်လဲရှိသေးသည်။

"ရောက်ပြီလား ကိုရေ" ဟိန်းသက ရေနှင်းဆီကိုနှုတ်ဆက်လာသည်။

"အင်း ဟိန်းစ"

"ဟိန်းစဘယ်သူကြီးလဲ" မိန်းကလေးက အသံတိုးစွာပြောနေသလိုမျိုး ဟိန်းစကို‌ပြောနေပေမယ့် မိန်းကလေးအသံက တစ်ခန်းလုံးထဲလူတွေကြားရသည်။

ထိုစကားကို ပြတ်ပြတ်သားကြားလိုက်တဲ့ရာဇ်
"ဒါ ငါ့နဲ့စေ့စပ်ထားတဲ့သူ ယွန်းမေ"

"ဘာ စေ့စပ်သူ!"

"ဟုတ်‌တယ်လေ ယွန်းမေ သတင်းတွေမကြည့်ဘူးလား" ရသက ထိုသို့ပြောတော့ ယွန်း‌မေက မျက်နှာလွှဲလိုက်သည်။

"ဒီလိုခေါ်လာမယ်မှမထင်တာ" မိန်းကလေးစကားတွေက အဓိပ္ပာယ်ရှာ‌မရဖြစ်နေသည်။

"နှင်းဆီ ဒါ ယွန်းမေစိုး ကျောင်းတုန်းကအတန်းဖော်"

[A:N အတန်းဖော်နဲ့သူငယ်ချင်း အဓိပ္ပာယ်ကွာတယ်နော် ခစ်ခစ်]

"ဟုတ်တွေ့ရတာ ဝမ်းသာပါတယ် မယွန်းမေစိုး"

"ဟုတ်ကဲ့ ရှင်က"

"သူနာမည် ရေနှင်းဆီ သူကို ကိုရေလို့ခေါ်"

"ကျစ်" မိန်းကလေးက ရာဇ်စကားကိုမနားထောင်ချင်လို မျက်လွှဲပြန်သည်။

"ဒီမှာထိုင်နော် နှင်းဆီ" ရာဇ်က ရေနှင်းဆီထိုင်ဖို့ ခုံဆွဲထုတ်ပေးသည်။

Mr Rerz's RoseWhere stories live. Discover now