13

14 3 0
                                    

‌ရေနှင်းဆီနေထွက်ချိန်ထဲ ရာဇ်အိမ်ကိုရောက်ရှိလို့နေသည်။ အကြောင်းကာ ရာဇ်နှင့် စေ့စပ်ရမည်ပွဲဖြစ်သည်။ ရာဇ်တို့မိသားစုရှေ့နေတစ်ဦးက၊ ယခုသူတို့နှစ်ယောက်ရှေ့၌ မျက်နှာချင်းဆိုင်‌ထိုင်နေသည်။ ရာဇ်မိဘတွေကတော့ ကျွန်စားပွဲထိပ်က ဆိုဖာ၌ထိုင်နေသည်။ စားပွဲပေါ်တွင် နှင်းဆီပြာများထည့်ထားတဲ့ ကြွေပန်းအိုးတစ်လုံး၊ စေ့စပ်စာချုပ်နှစ်ရွက်၊ ဖောင်တိန်းနှစ်ချောင်းတို့က သူနေရာနှင့်သူ အစီအရီရှိလို့နေသည်။
ဧည့်ခန်း သူတို့ရင်းနှီသော မိတ်ဆွေတစ်ချို့ရောက်ရှိနေသည်။

ရေနှင်းဆီဘေးဘက်မှာထိုင်နေတဲ့ ရာဇ်ကတော့ အဆင်မပြေနေပုံပေါ်သည်။

"အဆင်သင့်ဖြစ်ရင် စေစပ့်ပွဲလေးစလိုက်ကြတာပေါ့ဗျာ" ရှေ့နေကြီး တိတ်ဆိတ်နေတဲ့ဧည့်ခန်းကြီးကို ဖြိုးခွင်းလိုက်တော့၊ ဧည့်သည်တွေရဲ့ တီတိုးစကားပြောသံတွေ အနည်းထွက်လာသည်။

"ဟုတ်ကဲ့ရှင်~" ရာဇ်အမေက ခပ်ပြုံးပြုံးဖြင့်ဖြေလိုက်သည်။

"စာချုပ်စာတမ်းတွေကတော့ စစ်ဆေးပြီးပါပြီ၊ ဘာအမှားမှ မပါရှိပါဘူး။ ဒါကြောင့် သတိုးသားနှစ်ဦးဘက်က ကန့်ကွက်ချင်တာရှိပါသေးလား" ရှေ့နေကြီးက အတ္တရာဇ်နှင့် ရေနှင်းဆီတို့ကြည့်၍ မေးမြန်းလာသည်။

"မရှိပါဘူး"
"မရှိပါဘူးဗျ" ရေနှင်းဆီတို့အသံ ပြိုင်တူထွက်ရှိလာတော့ ရာဇ်အမေနှင့်အဖေက ပြုံးပန်းဝေစွာသွားကြသည်။

"ဟုတ်ပါပြီ။ ဒီစာချုပ်တွေမှာ လက်မှတ်ရေးထိုးလို့ရပါပြီ" ရှေ့နေကြီး စာချုပ်နှစ်ခုကို သူ‌တို့ရှေ့တွန်းပို့ပေးသည်။

စာချုပ်ပေါ်တွင် နှစ်ဦးသဘောတူလက်မှတ်ရေထိုးလိုက်ပြီသည်နှင့် ဧည့်ခန်းထဲရှိသော ‌ဧည့်သည်တွေ လက်ခုပ်‌ဩဘာချီမြှင့်‌ေပးကြသည်။

"သားတို့ စေ့စပ်လက်စွပ်လေး အပြန်အလှန်ဝတ်လိုက်ပါအုံး~~" လေပြေအေး‌‌နှင့်ပြောရင်း အပြာရင့်ရောင်ရှိသောလက်စွပ်ဘူ‌းလေးကမ်းလာသည်။

ဘူးလေးကို ရာဇ်ကဦးစွားယူပြီဖွင့်လိုက်သည်။ အထဲမှာတော့ အပြာရောင်ကျောက်လေးနှင့် လက်စွပ်နှစ်ကွင်းကယှဉ်လျှက်ရှိနေသည်။ ကျောက်အနည်းငယ်ကြီးသည့် လက်စွပ်ကို ရာဇ်ကယူလိုက်ပြီ သူ့လက်ကိုလှန်းတောင်သည်။ ရေနှင်းဆီလက်ကမ်းလိုက်တော့၊ ဘယ်ဘက်လက်သူကြွယ်ကိုဝတ်ပေးသည်။

Mr Rerz's RoseWhere stories live. Discover now