14

14 3 0
                                    

"ဟီးဟီး မှတ်မိပါဗျ"

"ဟို ရေ လမ်းထိပ်မှာ ကော်ဖီအသစ်လေးလာဖွင့်ထားတာရှိတယ် အတူတူသွားသောက်ကြမလား" လမ်းထိပ်ရှိရာကို လက်ညွှန်ကာပြောသည်။

"ဟုတ် ရပါတယ်။ သွားသောက်ကြမယ်လေ"

"အဲ့ဆို ညနေ နေအေးတဲ့အချိန် ရေ အိမ်ရှေ့လာခဲ့မယ်။ အဲ့ကျရင်သွားမယ်"

"ဟုတ်ကဲ့ဗျ။ ကလေးလေးရေ" ရေနှင်းဆီ အုတ်တံတိုင်းတစ်ဖက် ‌ကိုသွေးကြောင်လေးကို မြူလိုက်သည်။

"ရေလဲ ညှောင်းနေတော့မယ်။ အိမ်ထဲဝင်တော့နော်"

"ဟုတ်ကဲ့ဗျ ညနေတွေ့မယ်နော်" ဟု ရေနှုတ်ဆက်လိုက်သည်။ ကိုသွေးက သူကိာခေါင်းညိတ်‌ပြသည်။

ရေအိမ်ထဲဝင်‌ပြီး လုပ်စရာရှိသေးတော့ အိမ်အလုပ်များလုပ်လိုက်သည်။

>>>>>

‌သွေးဆက္ကတစ်ယောက် ရေနှင်းဆီတို့ အိမ်ရှေ့ကို ရောက်လာခဲ့သည်။ ခြံအပြင်က ဘဲလ်ကိုနှိပ်ပြီး၊ သူရောက်‌ေနပြီဖြစ်ကြောင်း အသိပေးလိုက်သည်။

ရေ အိမ်ထဲကထွက်လာသည်။ ရေက ‌ဂျင်းဘောင်းဘီဒူးတိုးဝတ်ပြီး၊ အပေါ်က ရှပ်အပွတစ်ထည်ဝတ်ထားသည်။ ခြေထောက်မှလဲ အိမ်နေရင်း ခွင်းထိုးဖိနပ်တစ်ရံစီးထားသေးသည်။

"ကိုသွေး ခဏအိမ်ထဲဝင်စောင့်ပေးပါအုံးနော်"

"ဟုတ်ကဲ့ပါဗျာ" သွေးဆက္က အိမ်းထဲဝင်လာလိုက်တော့ နှင်းဆီအပြာတွေကို တန်းမြင်လိုက်သည်။

"နှင်းဆီတွေ အပြာတွေကြီးပါလား ရေ"

"အာ.. ဟုတ်တယ်ကိုသွေး ကျွန်တော့်အကြိုက်တွေ့ပါ"

"ဟုတ်ပါပြီး၊ သွားကြမလား"

"ဟုတ်ကဲ့" ရေ ခြံတံခါးပိတ်ပြီး ကိုသွေးနှင့် လမ်းထိပ်ကိုအတူတူထွက်လာလိုက်သည်။

ကိုသွေးအိမ်ရှိတဲ့လမ်းထိပ်ကိုအတူတူလျှောက်ကြသည်။

"ရေက နှင်းဆီ အပြာကိုဘဲကြိုက်တာလား။ အနီကိုကောမကြိုက်ဘူးလား"

"ကျွန်တော်က ပန်းမကြိုက်ဘူးဗျ၊ နှင်းဆီအပြာသက်သက်ကိုဘဲ ကြိုက်တာ"

Mr Rerz's RoseWhere stories live. Discover now