11

26 3 0
                                    

ပြိုင်ပွဲအပြီး ရေနှင်းဆီ၊ ရာဇ်အမေက အရေးတကြီးပြောစရာသည်ဟု သူကိုဆက်သွယ်လာသည်၊ ပြီးတော့ဒီလိုခေါ်သည်အကြောင်းကိုလဲ ရာဇ်ကိုမပြောရန် ရာဇ်အမေကမှာသေးသည်။

"ရာဇ် ကိုယ်အရင်ပြန်လို့ရမလား"

"ဘာကိစ္စရှိလို့လဲ နှင်းဆီ"

"အာ~~ အိမ်၊ အိမ်ကိစ္စလေ သူငယ်ချင်းက အိမ်တွေ့ပြီပြောလို့ သွားကြည့်ကြည့်ဖို့"

"မိုးတောင်ချုပ်တော့မှာ အခုသွားဖို့လား"

"အင်း၊ ဟုတ်တယ် ရာဇ်။ သွားတော့မယ်နော်"

"လိုက်ပို့မယ်"

"ရတယ်၊ ရတယ်မလိုဘူး ရာဇ်" ဆိုင်ကယ်သော့ကို‌ စားပွဲပေါ်က ဆွဲယူလိုက်သော ရာဇ်ကို တားလိုက်သည်။ ရာဇ်က သူအား မျက်မှောင်ကျုတ်ကာ ကြည့်တော့၊ ရေနှင်းဆီ မနေသာပါ။

"ကိုယ့်ဘာကို သွားချင်လို့ပါ" လေသံဖွဖွဖြင့်ရှင်းပြရလိုက်တော့ ရာဇ်မျက်တန်းတွေ ဖြေဖျော့သွားသည်။

"အင်း ဂရုစိုက်"

"ဟုတ် သွားပြီနော်" ရေနှင်းဆီနှုတ်ဆက်တော့ ရာဇ်က ခေါင်းညိမ့်ပြီ ဆိုင်ကယ်သော့အား စားပွဲပေါ် ပစ်တင်လိုက်သည်။

‌ရေနှင်းဆီ ရာဇ်အမေချိန်‌းဆိုသောနေရာကို တက္ကစီငှားသွားလိုက်သည်။

ရာဇ်အမေချိန်းတဲ့နေရာက ကဖေးဆိုင်တစ်ဆိုင်။

ဆိုင်ထဲ၌ ရာဇ်အမေကိုလိုက်ရှာလို့မတွေ့ပါ။ဆိုင်ကောင်တာမှာ ရာဇ်အမေနာမည်ကို‌ေ‌မးရှာလိုက်သည်။

"ဘာများအကူညီလိုအပ်ပါသလဲရှင်"

"‌ဒေါ်မှုံရာဇ်ဇာနဲ့ ကျွန်တော်ချိန်းထားတာပါ"

"ဟုတ်ကဲ့ ခဏပါစောင့်ပေးပါနော်" ဟုပြောပြီး  မိန်းကလေးက ကွန်ပျူတာကိုကြည့်‌ကာရှာပေးသည်။

"VIP Room 1ပါ လိုက်ပို့ပေးပါမယ်နော်"

"ဟုတ်ကဲ့" မိန်းကလေးသွားရာနောက်ကိုလိုက်ခဲ့လိုက်သည်။ သိပ်မကြာလိုက်ခင်မှာပင် VIP Room 1 ကို ရောက်လာသည်။

အခန်းတံခါးကို မိန်းကလေးကဦးဆောင်ဖွင့်လိုက်ပြီး

"ဒီအခန်းပါ လူကြီးမင်း ခွင့်ပြုပါအုံးရှင့်"

Mr Rerz's RoseWhere stories live. Discover now