9

34 3 0
                                    

ရေနှင်းဆီ အတ္တရာဇ်အိမ်မှာနေထိုင်ချိန်ဟာ တစ်ပတ်ကျော်ကြာလှပြီးဖြစ်သည်။ ဒီတစ်ပတ်အတွင် သူအိမ်နဲ့ခြံအသစ်ဝယ်ရန်ရှာခဲ့သည်။ သူ့စိတ်ကြိုက်အိမ်မတွေ့ခဲ့၊ မဟုတ်ဘူး ခြံကိုမတွေ့ခဲ့ချင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရင်နေခဲ့တဲ့အိမ်က သူ့၏နှင်းဆီပင်များကိုထားရှိရန် ခြံလိုအပ်သည်။ အခုအတ္တရာဇ်ရဲ့ခြံဝန်းထဲမှာထားရှိထားရသည်။ နို့ အတ္တရာဇ်ခြံထဲတွင် သူအပင်ထပ်နှစ် သုံးစနီးပါးများသော နှင်းဆီပင်တွေရှိသည်။ အတ္တရာဇ်ပြောတာတော့ အပြာမဟုတ်သော် တခြားရောင်နှင်ဆီပင်များသည်၊ အတ္တရာဇ်အမေစိုက်ထားသောအပင်ဖြစ်သည်တဲ့။ အပြာတွေကတော့ သူ့အပင်တွေတဲ့။ ခြံထဲမှာ တခြားသောပန်းပင်တွေလဲရှိပါသေးသည်။

"နှင်းဆီ"

"ဟမ် ရာဇ်"

"ကိုယ့် အပြင်သွားမို့ မင်းလိုက်အုံမလား"

"ဘယ်သွားမှာလဲ"

"ညကျ ပြိုင်ပွဲတစ်ခုရှိတယ်လေ အဲ့တာ.."

အတ္တရာဇ်က အပျော်တမ်း Racer တစ်ယောက်ဖြစ်သည်။

"ကားလား ဆိုင်ကယ်လား"

"ဆိုင်ကယ် စီးမယ့်ဘီးသွားစစ်မို့"

"ဪ အင်းလိုက်ခဲ့မယ်လေ ခဏနော် အင်္ကျီသွားလဲလိုက်အုံးမယ်"

"အင်း‌ အောက်ထပ်မှာစောင့်နေလိုက်မယ်"

ရေနှင်းဆီ ခေါင်းငြိမ့်ပြလိုက်ပြီး အင်္ကျီလဲရင်အပေါ်ထပ်ကိုတပ်လာလိုက်သည်။ အတ္တရာဇ်ကို ဒီလိုမျိူးတွေမပြိုင်ခိုင်းစေချင်။ အပျော်စီးတာတွေက နားလည်လို့ရသေးတယ်၊ ပြိုင်တာကြီးက အသက်အန္တရာယ်များလွန်းသည်။ သို့ပေမယ့် သူဝင်စွတ်ဖက်ခွင့်မရှိ။ သူနဲ့ အတ္တရာဇ်က ဆိုင်သူတွေမှမဟုတ်တာ။

"ဟင်း..."

ရေနှင်းဆီတခြားဘာမှမယူတော့ဘဲ ဖုန်းတစ်လုံးဘဲယူလာလိုက်သည်။ အောက်ထပ်ကိုလာတော့ အတ္တရာဇ်လက်ထဲတွင် ဂျာကင်တစ်ထည်ကိုင်ထားပြီး ဖုန်းပြောနေသည်ကိုတွေ့လိုက်ရသည်။

"အင်း ခေါ်လာမှာ ဒါဘဲ" ရာဇ်ဖုန်းချသွားချိန်သူကိုကြည့်လာသည်။

Mr Rerz's RoseWhere stories live. Discover now