12

21 5 0
                                    

မနက်စောစော၌ ရေနှင်းဆီအိပ်ယာဘေးက စားပွဲပေါ်တွင်တင်ထားသော ရေနှင်းဆီဖုန်းက မြည်းလာသည်။ ရေနှင်းဆီဖုန်းကို အိပ်ချင်မူးတူးဖြင့်ထကိုင်လိုက်သည်။

"ဟယ်လို" ရေနှင်းဆီအသံကဝူးဝူးဝါးဝါးဖြစ်နေသည်။

"‌Ray‌ရေ ငါဘုန်းကိုပါ"

"အင်း~~"

"အေး မင်းအိမ်ရှာခိုင်းထားတာတွေ့ပြီး ဒါဘေး တစ်ထပ်အိမ်လေးရယ် ပြီတော့ခြံကတော့ ကားတစ်စီးစာလောက်တော့ထည့်လို့ရတယ် မင်းနှင်းဆီပင်တွင်ထားချင်တယ်ဆိုလဲ အိမ်နောက်ဖေးမှာ ထားလို့ရတယ်၊ မင်းစိတ်ဝင်းစားလား" ဘုန်းကိုပြောကြားချက်တွေကို နားထောင် ရေနှင်းဆီ အိမ်မက်ကမ္ဘာကတွေ လက်တွေ့ကိုတဖြည်းဖြည်း ကူပြောင်းလာသည်။

"ဘယ်နားမှာ ငါကြည့်ချင်တယ်" ရေနှင်းဆီ မနက်စောစော ရေမသောက်သေးသောကြောင့် အသံဟာခြောက်ကပ်နေသည်။

"ဟုတ်ပြီ ငါလိပ်စာပို့ပေးထားလိုက်မယ်"

"အင်း~ ကျေးဇူးဘဲကွာ"

"ရတယ်မလိုဘူး ငါမနက်စာစားလိုက်အုံးမယ် ဒါဘဲကွာ"

"အိုကေ အိုကေ" သူငယ်ချင်းနှင်းဖုန်းပြောပြီးနောက် အိပ်ယာကိုသိမ်းလိုက်ပြီး ရေချိုသွားတိုက်လိုက်သည်။ ပြီးလျှင် ဘုန်းကိုဆီသွားဖို့ပြင်ဆင်လိုက်သည်။

အိမ်အောက်ထပ်ကိုဆင်လာတော့ ရာဇ်နှင့် တည်တည့်တိုးသည်။

"ရာဇ်..." ရာဇ်ကိုတွေ့ ရာ‌ဇ်‌အမေနှင့်ပြောထားသော အကြောင်းရာကိုပြန်သတိရလာသည်။ ရာဇ်မျက်နှာကို မျက်ရိပ်မျက်ကဲ လှမ်းခတ်ကြည့်တော့လဲ သိပြီပြီးထင်ရသည်။

"ရာဇ် ဟို..."

"ဘယ်သွားမို့လဲ" ရာဇ်အသံဟာမာဆတ်ဆတ်ဖြစ်နေသည်။

"သူငယ်ချင်းဆီပါ.."

"ကိစ္စရှိလို့လား"

"အင်း အိမ်ကိစ္စပါ" မနေ့ကပေးလိုက်တဲ့ အကြောင်းပြချက်က ဒီနေ့မှာပြန်သုံးရသည်။

"မနေ့က သွားကြည့်တဲ့အိမ်လား" ရာဇ်က သူကိုမျက်ခုံးတစ်ဖက်ပင့်ကာ မေးသည်။

"...အ..င်း" ရေနှင်းဆီဖြေလိုက်တော့ ရာဇ်ကခေါင်းတညိမ့်ညိမ့်လုပ်နေသည်။

Mr Rerz's RoseWhere stories live. Discover now