15

16 3 0
                                    

"သူက အတ္တရာဇ် ကျွန်တော်... ညီ!" ဟုပြောလိုက်သည်။ ရေနှင်းဆီ ထိုသို့ပြောတော့ ရာဇ်က နားမလည်နိုင်သော မျက်ဝန်းနှင့် စိုက်ကြည့်နေသည်။

"ဪ ‌ေတွ့ရတာ ဝမ်းသာပါတယ် ညီလေး" ကိုသွေးကို ရာဇ်ကို လှမ်းနှုတ်ဆက်သည်။

"အင်း.. ရေနှင်းဆီ အိမ်ထဲဝင်ရအောင်.." အတ္တရာဇ်အပြောကို ရေနှင်းဆီ သဘောတူကြောင်းခေါင်းညိမ့်လိုက်သည်။

"ရေ ကိုယ်‌ပြန်တော့မယ်နော်"

"ဟုတ် ကိုသွေး" ကိုသွေးပြန်သွားတော့ ‌ရေနှင်း‌ဆီအရင်ခြံတံခါးဖွင့်လိုက်သည်။ ဖွင့်ပြီသွားတော့ ရာဇ်ဘက်ကိုလှည့်ကြည့်လိုက်သည်။ ‌ရာဇ်က လမ်းမီးတိုင်ရဲ့အကူညီနဲ့ ထိန်းလင်‌းနေတဲ့ လမ်းထိပ်ကို မမှိတ်မသုန်စိုက်ကြည့်နေသည်။

"ရာဇ် အိမ်ထဲဝင်ရအောင်လေ"

"အင်း" ပြန်ဖြေပြီး သူ့လက်ထဲက အထုတ်တွေကိုယူပြီ သူ့ထက်အရင်ဝင်‌သွားသော ရာဇ်။

အိမ်တံခါးဝနားမှာ ရာဇ်က ဖိနပ်အစီရီချွတ်ကာ တံခါးဖွင့်ဝင်သွားသည်။ အထုတ်များကိုလဲ ထမင်းစားပွဲပေါ်သွားတင်သည်။ ပြီးနောက် အိမ်နောက်ဖေးဘက်မှာရှိတဲ့ ပြတင်းပေါက်လိုက်ကာကို လှပ်ကြည့်သည်။

"ရာဇ် ဘာဖြစ်လို့လဲ"

"... ဒီမှာအိပ်မယ်..."

"အမ်...ဒီမှာအိပ်မယ်" ရေနှင်းဆီ အံ့ဩကာ သေချာအောင်ထက်မေးလိုက်သည်။

"အင်း"

"ဟို ရာဇ် အိပ်ခန်းက အပိုမရှိဘူး" ဟုပြောလိုက်တော့ ရာဇ်ကသူဘက်ကိုလှည့်လာသည်။

"ဟိုတယ်မှာတုန်းကတောင် အတူအိပ်တာဘဲကို..."

"အဲ့တုန်းက... ထားပါ..။ မင်းအဆင်ပြေရင်ပြီးရော" ရာဇ်စကားကိုဖြတ်ချလိုက်ပြီး ရေနှင်းဆီ ကိုယ်လုပ်စရာရှိတာကို လုပ်နေသည်။

"ညနေ့စာစားပြီးပြီလား"

"ထမင်းတော့မစားရသေးဘူး" ခုံပေါ်ကာ ဝယ်လာသောအထုတ်တွေထဲမှာ သိမ်းစရာများကို သိမ်းရင်ပြန်ဖြေလိုက်သည်။

"အတူတူဘဲ." ဟု ရာဇ်အဖြေကိုကြားတော့ ရေခဲသေတ္တာထဲ ကိတ်ဘူးထည့်နေသောလက်များရပ်သွားသည်။

Mr Rerz's RoseWhere stories live. Discover now