16

13 3 0
                                    

နိုးစက်ပေးထားတဲ့ နာရီကမြည်းနေသည်။ နှင်းဆီရဲ့မျက်လုံး‌တွေချက်ချင်းပွင့်လာပြီး နာရီကို အမြန်ထပိတ်လိုက်သည်။

သူအနောက်ကိုလှည့်ကြည့်ကြည့်လိုက်သည်။ ရာဇ်ကမရှိတော့ပါ။

အိပ်ခန်းထဲကထွက်ပြီး အပြင်မှာရှာကြည့်တော့လဲ မရှိ။ တစ်အိမ်လုံးနှံအောင်ရှာကြည့်လှဲမတွေ့တော့ ခြံပြင်က ရာဇ်ကိုကားကိုလှည့်လိုက်သည်။ ကားမရှိတော့မှာ ရာဇ်ပြန်သွားပြီးမှန်း သိလိုက်တော့သည်။

အိမ်ထဲပြန်ဝင်ပြီး မျက်နှာသစ်လိုက်တော့သည်။ မနက်ခင်းတိုင်လုပ်နေကြဖြစ်သော ပန်းပင်ရေလောင်းတာ သူလုပ်ဆောင်လိုက်သည်။

နှင်းဆီပြာများ ရေဖြန်းလိုက်တော့ နှင်းဆီမွှေးရနံ့က ပြန့်လွင့်လာ၏။ သူရဲ့စိတ်လုံစုံကြည်နူးသွားရတော့သည်။

ရေနှင်းဆီ ခြံတံခါးဖွင့်သံကြားလို့ အိမ်ရှေ့ကိုထွက်လာကြည့်ရသည်။

"ရာဇ်" ရာဇ်က အထုတ်တွေဆွဲပြီ အိမ်ထဲဝင်လာသည်။

"နှင်းဆီနိုးနေပြီးလား.."

"...."

"ကိုယ်က မနက်စာသွားဝယ်တာ~~" စားစရာ‌တွေကို ထမင်းစားစာပွဲပေါ်တင်လိုက်သည်။ ထို့နောက် နှင်းဆီဘက်လှည့်ကြည့်သည်

"ရာဇ် ပြန်သွားပြီထင်တာ"

"မပြန်သေးပါဘူး နေ့လည်ကျမှာပြန်မှာ"

"ဪ.."

"မနက်စာမစားရသေးဘူးမလား နှင်းဆီ"

"အင်း။ မစားရသေးဘူး"

"ပြင်လိုက်မယ်" ပြန်ဖြေပြီးသည် ပန်ကန်တွေထုတ်ကာ ဝယ်လာသောမုန့်များကို ထည့်သည်။ မီးဖိုချောင်၌ တစ်ယောက်အလုပ်ရှုပ်နေသူကို ကူညီပေးဖို့လုပ်ပြန်တော့မလက်ခံ။

"နှင်းဆီတစ်ခြားလုပ်စရာရှိတာလုပ်နေပါ ပြီးသွားရင်ခေါ်လိုက်မယ်"

"အင်း အဲ့ဒါဆိုကိုယ် ပန်းပင်ရေလောင်းတာမပြီးသေးလို့ လက်စသတ်လိုက်အုံးမယ်"

"ဟုတ်ပြီ"

ရေနှင်းဆီ ခြံထဲကိုပြန်ထွက်လာလိုက်ပြီး အပင်တွေကို ရေပြန်လောင်းနေလိုက်သည်။

Mr Rerz's RoseWhere stories live. Discover now