6

42 4 0
                                    

ကောင်းကင်ယံက‌ေ‌န လေယာဉ်တစ်စီးဟာ ‌မြေပြင်ပေါ်တည်ငြိမ်စွာဆင်းသက်လာ၏။ ပတ်ဝန်းကျင်၌ လေယာဉ်ရဲ့စက်အင်ဂျင်သံနဲ့လေဟုန်ခွင်သံဟာ ဆူညံလို့ပေသည်။ ‌ခရီးသည်အပေါင်းတို့သည် ပျော်ရွှင်စွာဖြင့်သူတို့လာ၍ကြိုဆိုကြသောမိသားစုထံသို့ ဝမ်းပန်းတသာဖြင့်နှုတ်ဆက်နေကြသည်ကို ရေနှင်းဆီ ယခုမြင်တွေ့နေရသည်။ထိုအရာကိုကြည့်နေရသူဖြစ်သည့် ရေနှင်းဆီသို့လဲ အပျော်တွေဟာကူးလူးလို့လာသည်။

"ကိုရေ(Ray)"

"အင်း စိုင်းလေး"

"ဆေးရုံအခုလိုက်ခဲ့မှာမလား ကျွန်တော်နဲ့အတူသွားမယ်လေ"

"သွားမှာ အစ်ကိုမှာကားပါလာတယ် အစ်ကိုမင်းကားနောက်ကနေလိုက်လာခဲ့မယ်"

"အာ ဟုတ်ပြီးအစ်ကို အဲ့ဆိုသွားမယ်"

"အင်း"

လေဆိပ်ကားပါကင်၌ ယခင်ကရေနှင်းဆီ၏ကားနံဘေးတွင်ရပ်ထားသော အတ္တရာဇ်ကားကိုမ‌ေတွ့။ ထို့ကြောင့်သူရင်ပြန်သွားပြီးကို သိလိုက်ရသည်။

ရေနှင်းဆီ အခုစိုင်းလင်းငယ်အစ်ကိုဖြစ်သူ စဝ်ရွေးသာကိုသွားကြည့်ရန် ဆေးရုံသို့သွားနေချင်ဖြစ်သည်။ ဆေးရုံသို့ ရောက်တော့ စိုင်းလေးကပင်သူကို ဦးဆောင်ခေါ်သွားသည်။

အခန်း (103)

စိုင်းလင်းငယ် အခန်းနံပါတ် (103) ထဲကိုတန်းမှတ်စွာဝင်သွားသည်၊သူလဲ စိုင်း‌လေးနောက်ကိုပင်လိုက်ရသည်။

အခန်းထဲမြင်လိုက်ရသောပုံရိပ်ကြောင့် ပြုံးလိုက်မိပြီးချက်ချင်းပင် ဝမ်းနည်းစိတ်ကတိုးဝေ့လာသည်။ အကြောင်းကာ အတ္တရာဇ်က ကိုစဝ်ရွေးသာ၏အခန်းထဲ၌ ထိုင်နေပြီးစကားတွေဖောင်းဖွဲ့နေချင်ပေ။

"နှင်းဆီပါ ပါလာတာလား"

"အင်း ဟုတ်တယ် ကိုအတ္တ..ရာဇ် ကိုစဝ်ရွေးသာနေကောင်းလားဗျ" ရာဇ်ကို တစ်ချက်သာကြည့်ပြီး စိတ်အာရုံကိုပြောင်း၍ ကိုစဝ်ရွေးသာကိုသာ ဂရုတစိုက်မေးလိုက်သည်။

"ကောင်းပါတယ်ဗျာ ကျွန်တော်တို့နှစ်ယောက်မ‌ေတွ့တာကြာပြီးနော်"

"အင်း အဲဒါကကြောင့်ကိုစဝ်ရွေးသာကိုလာတွေ့တာပါ"

"ကိုရေနှင်းဆီကိုတွေ့တော့ သူတောင်လွှမ်းလိုက်တာ အခုသူတော်တော်ပျော်နေလောက်ပြီး.." စဝ်ရွေးသာရဲ့ မျက်ဝန်းတွေအရည်ကြည်တွေလဲ့လို့နေသည်။

Mr Rerz's RoseWhere stories live. Discover now