20

7 1 0
                                    

၄လအကြာ>>

မတ်လ ၂၇ရက် ဗုဒ္ဓဟူးနေ့

မင်္ဂလာလက်ထပ်ပွဲအခမ်းအနား ဟူသောစာသားအောက်တွင် လက်ဆက်သူ‌မောင်နှံတို့၏ နာမည်ဖြစ်သော အတ္တရာဇ် + ရေနှင်းဆီတို့ကိုဖော်ပြထားသည်။

အင်း ဒီနေ့ကတေ့ သူ့တို့၏မင်္ဂလာဆောင်ပင်။ ရေနှင်းဆီ ရာဇ်တို့အိမ်ကိုပြောင်းလာတာက လွန်ခဲ့တဲ့၂လလောက်ကပင်ဖြစ်သည်။ အကြောင်းကာ အတ္တရာဇ်ကချစ်သူကို သူအနားခေါ်ထားချင်သည်အကြောင်းကို‌ရေနှင်းဆီနှင့်မတိုင်ပင်ဘဲ သူ့မိဘတွေပြောလိုက်သည်။ ဒီတော့ ရေနှင်းဆီက အတ္တရာဇ်အိမ်ပေါ်စိုက်စိုက်မြိုက်မြိုက်ရောက်လာရသည်။

ချစ်သူ။ ဟုတ်သည်။ ရေနှင်းဆီက အတ္တရာဇ်ချစ်သူဖြစ်သွားသည်မှာ ၅လကြာပြီးဖြစ်သည်။ လွန်ခဲ့တဲ့၅လက အီတလီခရီးစဉ်တွင် အတ္တရာဇ်နှင့်တွဲဖြစ်ကြသည်။

လည်ပတ်ဖို့နောက်ဆုံးတစ်ရက်‌တွင် Milan မြို့မှစွန့်ခွာပြီ Monza မြို့ကိုသွားခဲ့ကြသည်။ မြို့တွင်အထင်ကရ‌နေဖြစ်သည့် Giardini di Villa Reale ထဲ၌ လမ်းလျှောက်နေရင် အတ္တရာဇ်ကရုတ်တရ သူတို့နှစ်ဦးတွဲကြရန်ပြောသည်။

မှတ်မိပါသေးသည်။ ပတ်ဝန်းကျင်က စိမ်းစိုနေသည်။ သဘာဝဆန်ဆန်ဆောက်လုပ်ထားသောသစ်သားတံတားလေးကရှိသေးသည်။ ရေကန်လဲရှိသည်။ ဘေးပတ်ဝန်းကျင်က ငှက်သံလေးများဖြင့်သာယာလှသည်။ အတ္တရာဇ်က သူ့မှုပိုင်မျက်ဝန်းပြာများဖြင့် သူကိုစိုက်ကြည့်ကာ

"နှင်းဆီ.."

"အင်း ရာဇ်"

"တွဲကြရအောင် ကိုယ်တို့တွဲကြရအောင်နှင်းဆီ"

"... ရာ ရာဇ်" ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသယောင်ခံစားရသည်။

အတ္တရာဇ်က ရှေ့တို့လာပြီး။

"နှင်းဆီ.. ကိုယ်တို့တွဲရအောင်. နှင်းဆီငြင်းလို့မရဘူး"

".အမ် ဘာမှမပြောရသေးဘူးလေရာဇ်"

"နှင်းဆီက..ကိုယ့်ကိုငြင်းမဲ့ပုံလိုမျိူး..ကိုယ့်ကို..." အတ္တရာဇ်ရဲ့နောက်စကားများက တိုးဝင်သွားသည်။ ခေါင်းကိုစိတ်ပျက်သလို ငိုက်ချလိုက်သည်။

Mr Rerz's RoseWhere stories live. Discover now