2

103 7 0
                                    

"မင်္ဂလာပါ ခရီးစဉ်လိုက်ပါလာသောဧည်သည်တော်များခင်ဗျ ကျွန်တော် ကပ္ပတိန်အတ္တရာဇ်က ဧကရာဇ်‌လေကြောင်းလိုင်းကနေကြိုဆိုပါတယ်ဗျာ A528-500 လေယာဉ်ဟာ အခုကျွန်တော်တို့ နိုင်ငံခြားလေဆိပ်မှ ဆင်းသက်မှာဖြစ်ပါတယ်၊ (၅)နာရီ (၁၅)မိနစ်အချိန်မှာ ပန်တိုင်ကိုရောက်ရှိဖို့ ခန့်မှန်ထားပါတယ် တစ်နာရီကို အမြန်နှုန်းတစ်ထောင်ကီလိုနဲ့မောင်းနှင်ပါမယ်၊ လေယာဉ်ပြင်ပအပူချိန်ဟာ (၃၁)°မှာရှိပါတယ်၊ မကြာခင်မှာ လေယာဉ်အမြင့်ပေ သုံးသောင်းကိုတက်ရောက်ဖြစ်သည်အတွက် လုံခြုံရေးခါးပတ်များကို ပတ်ထားဖို့‌ေမျှာ်လင့်ပါတယ် နောက်(၅)မိနစ်အကြာမှာ ရန်ကုန်လေဆိပ်မှာထွက်ခွာပါမယ်ခင်ဗျ ကျေးဇူးတင်ပါတယ်ဗျာ"

"လေယာဉ်စထွက်တော့ပါဗျ ခါးပတ်လေးပတ်ပေးထားကြပါ‌နော်"

ကိုယ့်တာဝန်ကျရာ roleကိုစစ်ဆေးပြီး လေယာဉ်မယ်ခေါင်ဆောင် အဆင်သင့်ဖြစ်ကြောင်း လက်မထောင်ပြလိုက်သည်။ထိုမှတစ်ဆင့်လေယာဉ်မယ်က ကပ္ပတိန်တို့ တစ်ဆင့်ပြန်ကြောင်းကြားသည်။ ဧကရာဇ် A 528-500 လေယာဉ်ဟာ ပြေးလမ်းပေါ်ကနေ တစ်ငြိမ့်ငြိမ့် ကောင်းကင်ပေါ်ကို တစ်ဆင့်ချင်းဆီပြန်တက်လာခဲ့သည်။

တောင်
"‌လိုက်ပါလာသော ခရီးသည်လူကြီးမင်းတို့တပ်ထားသည့် လုံခြုံခါးပတ်ကိုဖြုတ်၍ လွတ်လပ်စွာနေထိုင်နိုင်ပါပြီး ကျေးဇူးပါ"

"မင်္ဂလာပါ ‌လူကြီမင်း ကော်ဖီ လက်ဖက်ရည် ဘာများဆောင်ပါမလဲ"

"ကော်ဖီ"

"ဟုတ်ကဲ့ရှင့်" လေယာဉ်မယ်များသည် ခရီးသည်များသုံးဆောင်ရန် အစားသောက်များဝေပေး‌နေကြသည်။ သူကတော့ ကပ္ပတိန်မှာထားသော ကော်ဖီကိုသွားပို့ရမို့ နှပ်ထားသောကော်ဖီကို ဖျော်လိုက်သည်။

"ဪ ကပ္ပတိန်ကိုသွားမို့လား ကျွန်မသွားပို့လိုက်မယ်"

"ရတယ် ညီမ ဪ လည်းစည်းစောင်းနေတယ် တည့်လိုက်အုံး ညီမ" ‌‌လေယာဉ်မယ်‌လေးလဲ ယောင်ယောင်မှားမှားနဲ့လည်းပင်တစ်ဝက်ကိုစမ်းပြီး ‌စောင်းနေသောလဲစည်းကိုတည့်လေသည်။ သူလဲကော်ဖီဘန်းကိုကိုင်ရင် pilot cabin ကိုတက်လာလိုက်သည်။

Mr Rerz's RoseWhere stories live. Discover now