19

10 2 0
                                    

12 နာရီ ကြာမြင့်စွာ ပျံသန်းလာတဲ့ လေယာဉ်ဟာ မီလန်မြို့က အပြည်ပြည်ဆိုင်ဆိုင်ရာလေဆိပ်တွေ ရပ်နားခဲ့ပြီဖြစ်သည်။

နားနေခန်းတွင် ရေနှင်းဆီတစ်ယောက် ရာဇ်ရဲ့တာဝန်ပြီးဆုံးမည့် အချိန်ကိုစောင့်ဆိုင်းနေသည်။ ရာဇ်က တော်ရုံနဲ့ အလုပ်ခန်းထဲကထွက်အုံးမည်မဟုတ်။ သူ့အချိန်တွေကို အိတ်ထဲအရေးကြီးစာရွက်စာတန်းများစစ်ဆေးနေရင်ကုန်ဆုံးလိုက်သည်။

"‌နှင်း.."

"ရာဇ်ပြီးသွားပြီးလား" MacBook နဲ့ ဖိုင်တစ်ချို့ကိုင်ကာ နားနေခန်းထဲဝင်လာသည်။

"ပြီးသွားပြီး နှင်းဆီ ကိုယ်တို့တည်မယ့် ဟိုတယ်ကိုသွားကြမယ်"

"ဟုတ်"

"ဒီမှာခဏစောင့်အုံးနော် ကိုယ့် အိတ်သွားယူလိုက်အုံးမယ်"

"ဟုတ်ပြီ ရာဇ်"

အချိန်ခဏထက်စောင့်ပြီးအကြာ‌တွင် luggage တစ်လုံး၊ MacBook အိတ်နဲ့ ရာဇ်ကသူနားရောက်လာသည်။

"သွားမယ်"

"ဟုတ်"

လေဆိပ်ပြင်ပကိုရောက်တော့ ကားတစ်စီးက သူတို့ရှေ့ကိုရောက်လာသည်။ ပြီးတော့လူတစ်ယောက်ကထွက်လာကာ သူတို့အိတ်တွေကို ကားနောက်ခန်း၌ထည့်ဖို့ယူသွားသည်။

ရာဇ်က ကားတံခါးဖွင့်ကာ သူကိုဝင်စေသည်။ ပြီးနောက် ကားမောင်သူအား အင်္ဂလိပ်ဘာသာဖြင့် ဟိုတယ်ကိုသွားရန်ပြောနေသည်။

"ရာဇ်ကားငှားထားတာလား"

"မဟုတ်ပါဘူး ကိုယ့်ကားလာခေါ်ခိုင်ထားတာ"

".." နှင်းဆီဘာမှာမပြောဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။ မျက်နှာလွဲကာ ကားနှောက်မှီကို ခေါင်းတင်လိုက်ပြီ မျက်လုံးအစုံကိုမှိချလိုက်သည်။

"နှင်းဆီအိပ်ချင်နေရင် ပခုံးမှီပြီးအိပ်လိုက်"

"ရတယ်ရာဇ်"

"ဇက်နာမယ်"

"..ဟို" စကားဆက်ပြောမယ်ရှိသေးသာ် ရာဇ်က သူ့ခေါင်းကို ပခုံးပေါ် တင်လိုက်သည်။ ပြီးတော့ ရာဇ်ရဲ့လက်က သူကို သိမ်းဖက်ထားသည်။

Mr Rerz's RoseWhere stories live. Discover now