8

39 3 0
                                    

အတ္တရာဇ်တို့ကားလေးဟာ ရေနှင်းဆီအိမ်ဘက်ကို ဖြေးညင်းစွာမောင်နှင်လာသည်။ အတ္တရာဇ် ရေနှင်းဆီရဲ့ခြံထဲကိုကြည့်တော့ အပြာရောင်နှင်းဆီပင်တို့မြင်လိုက်ရသည်။ ရေနှင်းဆီရဲ့ ခြံဟာ သူခြံအလားပင်ထင်ရအောင်တူသည်။ သူ၏ခြံထဲတွင် အပြာရောင်နှင်းဆီတို့ကိုစိုက်ထားသေးသည်။

"ရာဇ် အိမ်ထဲဝင်အုံးနော်"

"အင်း နှင်းဆီက အဲ့ပန်းတွေကိုကြိုက်တယ်ပေါ့"

"အင်း ကြိုက်တယ်ရာဇ် အဲ့ကြောင့်လဲစုိက်ထားတာ နောက်ပြီး ဒီပန်းပင်တွေက ဟင်..နှင်းဆီတွေ"

"ဘာဖြစ်လို့လဲ ‌နှင်း~~"

ခြံထဲကို အလောတကြီးဝင်သော နှင်းဆီနောက် အတ္တရာဇ် အမြန်လိုက်ပါရစေ။ ခြေထောက်က ဒဏ်ကြောင့်လဲ ထော့နဲ့ထော့နဲ့လှေျာက်နေသည်။

"နှင်းဆီ ဘာဖြစ်လို့လဲ"

"ကျွန်တော့် နှင်းဆီတွေ အိုးတွေနဲ့ဘယ်လိုဖြစ်သွားရတာလဲ ကြီးကြီး ကြီးကြီးရေ"

"အို ဘယ်လိုဖြစ်လို့ အဲ့လောက်အော်‌တာလဲ"
ပြောဆိုရင်နဲ့ ခြံထဲဆင်းလဲသော် အဒေါ်ဖြစ်သူကြောင့် မျက်လုံးပြူး အံ့ဩနိုင်သည်။ အမေဆုံးတုန်းကတောင် နာရေးမရောက်လာသည့် အမေရဲ့ အမ၊ ကျွန်တော်ရဲ့အဒေါ်ဌေးမာ။

"အဒေါ်"

"အေး ဘာဖြစ်နေတာလဲ အော်ကြီး ဟစ်ကျယ်န‌ဲ့" မျက်နှာရှုံ့တွစွာပြောလာသည်။

"ဘာလို့အိမ်ရောက်နေတာလဲမေးလို့ရမလားအဒေါ်"

"‌အောင်မယ် ငါ့အိမ်ငါပြန်လာတာ ဘယ်သူကိုခွင့်တောင်ရမှာလဲ"

"ဒါမယ့် ဒီအိမ်ကကျွန်တော်အိမ်လေ"

"ဒီမယ် ငါ့အဖေကတောင် သေချာအမွေမခွဲရသေးပါဘူးဟဲ့ ဒီအိမ်က ဘယ်သူအိမ်ဆိုတာအတည့်ပြောရမလား"

"ကြီးကြီးရေ"

"အလုပ်ဖြုတ်ပြီး"

"ဗျာ"

"သောက်လုပ်ကိုသေချာမလုပ်လို့ ဖြုတ်လိုက်ပြီး"

"အဲ့ဆို သာအေးကကော" ခြံထဲမှာ‌မြက်ပေါက်ရင် မပေါက် အားတိုင်းအပင်ရေလောင်းလိုက် အပင်ကမကောင်းတဲ့ရွက်တွေခြွေလိုက်လုပ်နေတဲ့ သာအေးကိုမတွေ့လို့  သူ၏အဒေါ်အားမေလိုက်သည်။

Mr Rerz's RoseWhere stories live. Discover now