4

64 6 0
                                    

အတ္တရာဇ် နိုးလာတော့ မိမိရဲ့လက်မောင်မကျ ပခုံးမကျသောနေရာတွင်အိပ်နေသူကို ဝိုးတိုးဝါတားတာမြင်ရသည်။ နောက်ဘက်တွင်လဲ ကြွတ်စိကြွတ်စိနဲ့ နားယားအောင် တိုးညှင်းစွာပြောနေသည့်အသံ‌တွေကိုလဲကြားရသည်။ ပခုံးအောင့်လာသောကြောင့် မျက်လုံးကိုနှစ်ဖြတ်လောက်ခတ်လိုက်ရင် အိပ်နေသူကို ကြည်လင်စွာမြင်ရသည်။

'နှင်းဆီ ရေနှင်းဆီ' သူစိတ်ထဲကဘဲခေါ်မိသည် အပြင်မှာတော့ခေါ်မနိုးမိ အိပ်မောကျ‌နေသော နှင်းဆီရဲ့နဖူးပေါ်တွင်ဝဲနေသည့် ဆံသားများကို သပ်တင်ပေးလိုက်သည်။ သူသပ်တင်ပေးမိတယ်ဆိုတာကလဲ နှင်းဆီ ဟုတ်မဟုတ်သေချာအောင် စစ်ဆေးခြင်းပေ မည်သည့်အကြောင်းတရားမှမပါပေ။ နှင်းဆီရဲ့ နဖူးဟာ မကျယ်သေးသေးလေးပင်၊ နှင်းဆီက သူနဲ့အရပ်မတိမ်းမယိမ်းဆိုပေမယ့် နှင်းဆီရဲ့ အရာရာဟာအကုန်သေးသေးလေးပင်၊ သူ (အတ္တရာဇ်) ခါးတွင်ဖက်ထားတဲ့ လက်ကလေးက ‌တကယ့်သေးသေးလေးပင်၊ သူနှင်းဆီလက်ကိုကိုင်လိုက်တော့ သူမျက်နှာတွင် အပြုံးရေရေလေး ပြုံးမိသည်၊ သူလက်ထဲမှာ သူလက်အတိုင်းအစထက် အနည်းငယ်သေးတဲ့လက်ကရောက်နေတာမလား။ သူအခုစဉ်စားမိတာက ရေနှင်းဆီသင်တန်းကနေမထွက်ခဲ့လျှင် အခုချိန်သူနဲ့အတူလေယာဉ်မောင်းနေရပြီး၊ ရေနှင်းဆီသင်တန်းကနေထွက်ရတဲ့အကြောင်းအရင်းကို သူသိချင်သည်၊ ဒါမယ့်သင်တန်းစတက်ရတဲ့အချိန်ကနေစ၍ အခုချိန်ထိ ရေနှင်းဆီနဲ့ရင်းရင်းနှီးနှီးစကားမပြောဘူးပေ။ သင်တန်းအတူတက်ခဲ့တဲ့သူငယ်ချင်းတွေလို့ပြောလို့မရဘဲ မေးထူခေါ်ပြော သိကျွမ်းတဲ့မိတ်ဆွေအဆင့်လို့ဘဲ‌ပြောရမည်။

"ဟင် အင်း" ရေနှင်းဆီမျက်နှာ ယားလာမှုကြောင့်နိုးတစ်ဝက်မနိုးဝက်ဖြစ်ပြီးကာ နိုးချင်လာသည်။ 

အတ္တရာဇ်လက်ကိုရုတ်သိမ်းလိုက်ပြီး သူ့အနောက်ဘက်မှ ကြွက်တွေလိုမျိုး ကြွတ်စိကြွတ်စိအသံများကိုကြားနေရသည်။ ထိုအရာများကိုလှည့်ကြည့်တော့ တစ်ခြားမဟုတ်ဘဲ စိုင်းလင်းငယ်နဲ့ဝဿန်တို့ စကားပြောနေကြချင်ပင်...၊ သူတို့စကားပြောတာကလဲ ကြွက်နဲ့ စာကလေး အမျိုးစပ်ထားသလိုမျိုးနှင့်တူသည်။

Mr Rerz's RoseWhere stories live. Discover now