5

55 6 2
                                    

‌‌စိုင်းလင်းငယ်နှင့် ဝဿန်မိုးတို့ဟာ မနက်စာစားသောက်ရန်သွားနှင့်သည်။ ယခုအခန်းထဲတွင် အတ္တရာဇ်နှင့်သူသာကျန်ခဲ့သည်။

"ပြီးပြီးလား နှင်းဆီ"

"အင်းခဏနော် ဒီမှာကျွန်တော့်ဖုန်းပျောက်နေလို့" ပြောပြီး စောင်းတွေ၊ ခေါင်းအုံးတွေ လှန်လှော်ပြီးရှာနေသည်။

အတ္တရာဇ်လဲမနေသာဘဲ ဝိုင်းရှာပေးရတော့သည်။ အချိန်အတိုင်းတာတစ်ခုထိသူတို့ရှာကြည့်ပြီး ဖုန်းဟာ အခုချိန်ထိပင်မတွေ့သေးပါ။

"နှင်းဆီ မင်းဖုန်းနံပါတ်ပြော"

"ဟမ်?"

"ဖုန်းဆက်ပြီးရှာကြည့်မယ်လေ"

"ဪ..01*********"

♪ Blue eyes, Black jeans.. Lighter and Candy, I've been a fool but Strawberry and Cigarettes ~~♪

သီချင်းသံမြည်းရာကို သူတို့နှစ်ယောက်ရှာလိုက်သည်။

"တွေ့ပြီး နှင်း~~"

"ဟမ်"

"ဒီမှာလေ နှင်းဆီရဲ့ဖုန်း‌"

"အော် အင်း" ရေနှင်းဆီဖုန်းကိုယူလိုက်ကာ လက်ထဲဆုပ်ကိုင်ထားမိသည်၊ ယခင်ကကြာလိုက်တဲ့ နှင်းလို့ဖျားဆွတ်သံကို နားယောင်မှားသလား၊ ဒါမှမဟုတ် အသေချာပင်ကြာလိုက်သလားဆိုတာကို ရေနှင်းဆီ မကြိတ်အနယ်စဉ်းစားနေသည်။

"နှင်းဆီ..."

"ဟုတ်ပြော ကိုအတ္တရာဇ်"

"နှင်းဆီမြန်မာပြည်မှာသုံးတဲ့ ဖုန်းနံပါတ်ပြောပါ"

".."

"Contact ထဲမှာမှတ်ထားမလို့ပါ"

"ဟုတ်ကဲ့~~09********ပါ"

"အင်း" မှတ်ပြီးနောက် လက်ယောင်ကာ Call ကိုနှိပ်မိသည်။ ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေပါသည်ဟူသော အသံကထွက်လာသည်။

"အင်း သွားကြရအောင်"
ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ပြီး နှင်းဆီကို သွားကြရန်ပြောလိုက်သည်။

"ဟုတ်ကဲ့ဗျ"

အတ္တရာဇ်ဓာတ်လှေကားထဲဝင်လိုက်ကာ အနောက်မှလိုက်လာသော ‌နှင်းဆီကိုစောင့်‌နေလိုက်သည်။ နှင်းဆီက အမောတကော်ပြေးဝင်လာသည်။ နည်းနည်းငယ်ကြာသွားသည်မလို့ ရေနှင်းဆီ အ‌တ္တရာဇ်ကို အားနားစွာပြုံးရယ်ပြလိုက်၏။ ဓာတ်လှေကားမှ တစ် ခလုပ်ကိုနှိပ်ပြီး ဟိုတယ်ရဲ့စားသောက်ဆိုင်ထပ်ကို ရောက်ရန်စောင့်ဆိုင်းကြသည်။

Mr Rerz's RoseWhere stories live. Discover now