10

31 4 0
                                    

ပြိုင်ကွင်းထဲနိုက် အရှိန်အဟုန်းတောက်စွာပြေးနေသည် ရာဇ်ဆိုင်ကယ်က သူ့ရှိ‌ရာနားကိုလိုက်လာသည်။

"လိုက်မလာ ဆိုင်ကယ်နောက်ကနေ"

"ဟင့်အင်း မလိုက်ရဲဘူး သွား"

"ဟားဟား အတင်ကိုနှင်လွှတ်နေတာဘဲ"

ရေနှင်းဆီ ရာဇ်ကို မျက်ခုံးမှာတွန့်ချို့‌စွာကြည့်လိုက်တော့ ရာဇ်ရဲ့ နှုတ်ခမ်းတွေက ထပ်ပြီး ပါးပြင်ပေါ်ပြေးတင်သွားသည်။

"ဟေ့ ခဏနေရင်ပွဲစတော့မယ် ဘယ်လိုလဲ မောင်းရတာ"

"အင်း အရင်ထက်ကောင်း‌သွားပြီး အိုကေတယ် ဟျောင့် (ဟေ့ကောင်)"

"အိုကေ ငါနည်းနည်းထပ်စစ်လိုက်အုံးမယ်"

"အင်း" အတ္တရာဇ် ဆိုင်ကယ်ကို ‌ကြည့်ရာကနေ ‌နှင်းဆီဘက်လှည့်ကြည့်လိုက်သည်။ နှင်းဆီရဲ့ မျက်နှာ ထက်မှာ တစ်စုံတစ်ခုကို ပြောချင်နေတဲ့ပုံပေါ်သည်။

"ရာဇ် ခုနက မင်းဖုန်းလာသွားသေးတယ် ကိုစဝ်ရွေးသာဆက်တာ"

"ဪ ဘာတဲ့လဲ ရွေးက"

"ရွေးတော့မဟုတ်ဘူး ရွေးအမေရယ်"

"အင်း"

"ဒေါ်ဒေါ် မင်းကို ဆေး‌ရုံ‌လာခဲ့ပါအုံးတဲ့ပြောစရာရှိတယ်လို့ ပြောတယ်"

"နှင်းဆီက ဘာဖြေပေးလိုက်လဲ"

"ဟုတ်ကဲ့ ကျွန်တော့ပြောပေးပါမယ်လို့ပြောလိုက်တယ်" တစ်ခုမကျန်အကုန်ပြောပြနေသော နှင်းဆီကို အတ္တရာဇ်ကြည့်လိုက်သည်။ အေးချမ်းတယ် ဘာအပူမှမရှိသလိုမျိုးအေးချမ်းတာ။

ညနေစောင်နေပြီးမို့ မီးမများဖွင့်တော့၊ နှင်းဆီခေါင်းထက်ကမီးက
အရင်ပွင့်လာသည်။ ဆံနွယ်တိုအရိပ်များက နှင်းဆီမျက်နှာထပ်တွင်ဝေသီနေသည်။ အတ္တရာဇ်ခေါင်းထက် မီးပွင့်လာတော့၊ နှင်းဆီမျက်နှာထပ်က အရိပ်တွေ မရှိတော့ဘဲ ကြည့်လင်သွားသည်။

"ရော့ ဖုန်း ဒေါ်ဒေါ်ဆီပြန်ဆက်လိုက်ပါအူံး"

"အင်း နောက်မှပေါ့"

"အတ္တ~" ခေါ်သံကြောင့် အသံပြန်မပေးသေးဘဲ ကိုယ်လှည့်ကာကြည့်လိုက်သည်။ ရသဖြစ်နေသည်။

Mr Rerz's RoseWhere stories live. Discover now