Part 7

61.5K 5.2K 670
                                    

<Unicode>
"ကိုယ်တော်ကြီး ဖဲဝါ ပြန်လိုက်ပါဦးမယ်"

"ကောင်းပြီ"

ရာဇ် ခေါင်းညိတ်ပြ‌တော့ မဖဲဝါက လူချောလေးနှစ်‌ယောက်ကို ခေါ်ကာ အပြင်ထွက်သွားသည်။ငွေရာဇ်ကြော့ရှင်ကလည်း အခန်းထဲမှ တိတ်တဆိတ်ထွက်သွား၏။

ခန်းမထဲတွင် ဘယ်သူမှ မရှိတော့။လေထုက အေးစိမ့်သွားပြီး အရာအားလုံးက တိတ်ဆိတ်သွားသည်။ရာဇ် သလွန်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။သူရပြည့်စုံက ရာဇ်နောက်မှ အရိပ်ကလေးလို လိုက်သွား၏။ရာဇ်က သလွန်ပေါ် ကျက်သရေအပြည့်နှင့်ထိုင်လိုက်ပြီး ကောင်ငယ်လေးက ကြမ်း‌ပြင်ပေါ် ထိုင်ချလိုက်သည်။

"မင်း မထိုင်နဲ့"

သူရပြည့်စုံ ရာဇ်အသံကြောင့် ရာဇ်ကိုကြည့်လိုက်သည်။ရာဇ်က ပုံမှန်အတိုင်း ခံ့ညားနေပြီး မျက်နှာထားက ဘာကိုမှ ဂရုမစိုက်ဟန် ပေါ့ပျက်ပျက်။အသက်နှစ်ဆယ်ကျော်မျက်နှာက ရှေးဝတ်စုံကြီးနှင့် သိပ်လိုက်ဖက်နေမယ်လို့ ဘယ်သူထင်မလဲ။

ရာဇ်က ကြည့်လေ ကြည့်လေ သိပ်ကြည့်ကောင်းတာပဲ။လူ့လောကမှာဆို ရုပ်ရှင်မင်းသား လုပ်လို့ရတယ်။

ရာဇ် ကောင်ငယ်လေးက သူ့ကို စူးစူးစိုက်စိုက်ကြည့်နေတာကြောင့် မျက်ခုံးတစ်ဖက်ပင့်လိုက်၏။

"အဆောင်တစ်ခုလုံးကို ကြမ်းတိုက်"

ရာဇ် အသံက ပေါ့ပေါ့ပါးပါး။သူရပြည့်စုံ ဇောချွေးပြန်သွားသည်။ဒီအဆောင်က တော်ရုံကြီးမားတာ မဟုတ်။ဘုန်းကြီးကျောင်းထက်ပင် ကြီးသေးတယ်။ဒါကို သူ့တစ်ယောက်ထဲ တိုက်ခိုင်းတာလား။

သူရပြည့်စုံ ခေါင်းငိုက်စိုက်ကျသွားသည်။ဒါပေမဲ့ လက်သီးဆုပ်လိုက်ပြီး.....

"ကျွန်တော်က ရာဇ်ရဲ့ သ သခင်လေ"

ရာဇ် နှုတ်ခမ်းထောင့်တွေက ယောင်ယောင်လေး ကော့တက်သွားသည်။ဆေးတံကို ကိုက်ကာ ဆေးငွေ့တွေကို စုတ်ယူလိုက်ပြီး တစ်ဖန် ပြန်မှုတ်ထုတ်လိုက်သည်။လေထုမှာ သိပ်သည်းသွားပြီး ရီဝေယစ်မူးဖွယ် မိန်းမောညှို့ယူသွားသည်။

"သခင်ပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အိမ်တော်မှာ နေချင်ရင် အလုပ်လုပ်ရမှာပဲ"

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now