Part 22

55.7K 4.6K 1K
                                    

ဒီနေ့က အသူရကယ်ဘုံမှ ငရဲဘုံသို့သွားမည့် တံခါးပွင့်သောနေ့ပင်။ရာဇ်နှင့်နရမဏိက အိမ်တော်ထဲတွင် စကားပြောနေကြပြီး သူရပြည့်စုံနှင့်ငွေရာဇ်ကတော့ အိမ်တော်ရှေ့မြက်ခင်းပြင်ပေါ်တွင် ထိုင်နေကြသည်။

ငွေရာဇ်က ခွေးလေးရဲ့ခေါင်းကို ခပ်ဖွဖွပွတ်နေသည်။သူရပြည့်စုံ မြက်ခင်းပေါ်တွင် ခြေဆန့်ကာ ထိုင်လိုက်သည်။အချိန်အတော်ကြာသည့်တိုင်အောင် ရာဇ်က ထွက်မလာသေးတာကြောင့် သူရပြည့်စုံ ပျင်းလာ၏။ဒီ‌လောကတွင် ဖြော်ဖြေရေးဟူ၍ ဘာမှမရှိချေ။သူရပြည့်စုံ ငွေရာဇ်ကို ကြည့်ပြီး

"ငွေရာဇ် ကျွန်တော် ပျင်းတယ်"

ငွေရာဇ်က ခွေးခေါင်းလေးကို ပွတ်နေရာမှ ရပ်လိုက်ပြီး သူရပြည့်စုံကို ကြည့်လာသည်။

"ပျင်းလို့လား မရီးတော် မုန့်စားရော့မလား"

"ဟင့်အင်း"

သူရပြည့်စုံ ခေါင်းယမ်းပြီး အိမ်တော်တံခါးမကြီးကို လှမ်းကြည့်လိုက်သည်။‌ ငွေရာဇ် သူရပြည့်စုံရဲ့အကြည့်လေးကို သတိထားမိသွားပြီး အူတွေအသည်းတွေယားလာသည်။

'မရီးတော်က အစ်ကိုတော်ကို သိပ်သိပ်ချစ်နေတာပဲ မတွေ့ရတဲ့တစ်မနက်လေးကို ‌တမျှော်မျှော်ဖြစ်နေပါ့လား ချစ်လိုက်ကြတဲ့ဖူးစာဖက်တွေပါလားနော်'

ငွေရာဇ် နှုတ်ခမ်းထောင့်တွေက ကော့တက်သွားပြီး

"ကိုယ်တော်ကြီးကို သွားခေါ်ပေးရမလား"

သူရပြည့်စုံ တံခါးမကြီးကို ကြည့်နေရာမှ  သက်ပျင်းလေးချလိုက်ပြီး ငွေရာဇ်ထံ ကြည့်လာသည်။

"မလိုပါဘူး"

သူရပြည့်စုံ ငွေရာဇ် လက်ကို ဆုပ်ကိုင်လိုက်ပြီး

"ငွေရာဇ် ဆော့ရအောင်"

"ဘာဆော့လိုလိုလဲ"

"ဒီလိုလေ လက်သီးဆုပ်လိုက်"

ငွေရာဇ် လက်နှစ်ဖက်လုံးကို လက်သီးဆုပ်လိုက်သည်။သူရပြည့်စုံလည်း လက်သီးဆုပ်ပြီး မြက်ခင်းပေါ်ချလိုက်သည်။ငွေရာဇ်လည်း မြက်ခင်းပေါ်ချလိုက်၏။သူရပြည့်စုံက လက်သီးဆုပ်လေးတွေကို သူ့လက်သီးဆုပ်လေးနှင့် လိုက်ထုပြီး

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now