Part 9

62.6K 5.4K 839
                                    

<Unicode>
သူရပြည့်စုံ ခေါင်းတွေတဆစ်ဆစ်ကိုက်နေသည်။နားထင်ကို လက်ဖနောင့်လေးနှင့် အသာပွတ်ပြီး ထလာတော့ ခန်းမဆောင်ကြီးထဲ ဘယ်သူမှမရှိ။ခေါင်းထဲ ပုံရိပ်တွေက တလဟောတိုးဝင်လာတော့ မျက်နှာတစ်ခုလုံး မီးမြှုက်ခံလိုက်ရသလို ပူထူသွားသည်။

အဝတ်အစား‌တွေ ချွတ်ပစ်မိတာတွေ၊ ဖင်တုံးလုံးနှင့် ပတ်ပြေးခဲ့တာတွေ...ပြီးတော့ ရာဇ် ရာဇ်ကို နမ်းလိုက်မိတာ...

"အားးးးးငါ့ရဲ့ first kissကို ရင်သားကြီးကြီးနဲ့ စော်လေးကို ပေးရမှာလေကွာ အားးးးးး"

သူရပြည့်စုံ အော်ပြီး ကုတင်ပေါ် လူးလိမ့်လိုက်သည်။ကတ္တီပါ‌အခင်းကို တဖုန်းဖုန်းရိုက်ပြီး တွန့်လိမ်နေသည်။

"ဒီမျက်ခွက်ကြီးကို ဘယ်နားသွားထားရမလဲ ကယ်ကြပါဦး"

ကတ္တီပါခေါင်းအုံးကို ကိုက်ဆွဲကာ စိတ်ထဲမှ အော်ဟစ်ငိုကြွေးတော့သည်။

'အီးဟီးဟီး သွားပါပြီ မရှိတဲ့အရှက်‌တော့ ကွဲပါပြီ'

ခန်းမဆောင်တံခါးဖွင့်သံကို ကြားရသည်။သူရပြည့်စုံ ချက်ချင်း ပါးစပ်ပိတ်ကာ သလွန်ပေါ် လဲချလိုက်ပြီး ဆန့်ဆန့်ကြီး သေချင်ယောင်ဆောင်တော့သည်။

ရာဇ်က တစ်လှမ်းချင်းလျှောက်လာ၏။ကျောက်တလင်းကြမ်း‌ပြင်ပေါ်မှ ဩဇာအပြည့်နှင့် ခြေသံက သူရပြည့်စုံကို စိတ်လှုပ်ရှားမှုများ မြှင့်တက်ကာ ရင်တဒိတ်ဒိတ်ခုန်လာစေပြီး အံကြိတ်လိုက်သည်။ခြေသံကရပ်တန့်သွားပြီး မျက်စိမှိတ်ထားရင်းမှာပင် သလွန်ထက်မှ ကတ္တီပါမွေ့ယာက အိကျသွားတာကို ခံစားရသည်။မျက်လုံးလေးဖွင့်ကာ ချောင်းကြည့်ချင်ပေမဲ့ ခပ်တင်းတင်းမှိတ်ထား၏။

"အိပ်ချင်ယောင်ဆောင်မနေလေနဲ့ ထ"

ရာဇ်အသံက ခပ်တင်းတင်း။သူရပြည့်စုံ မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်လုံးလေးဖွင့်လိုက်သည်။ဟန်လုပ်ကာ အပြင်းကြောဆန့်ပြီး လိမ်လိမ်မာမာလေး သလွန်ပေါ်မှ ဆင်းသည်။

"မနေ့ညက ဘာတွေဖြစ်ခဲ့သလဲ မှတ်မိသလား"

ရာဇ်က ပုံမှန်လေသံဖြင့် ဆေးတံကို ကောက်ကိုင်ပြီး ဆေးငွေ့တွေကို ရှိုက်သွင်းလိုက်သည်။သူရပြည့်စုံ အင်္ကျီအနားစလေးတွေကို လုံးခြေကာ ရာဇ်ကို ပြုံးပြလိုက်ပြီး....

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now