Part 10

62.9K 5.1K 545
                                    

<Unicode>
သူရပြည့်စုံ ဘောင်းဘီအနားစတွေကို ဒူးအထက်အထိ ခေါက်တင်လိုက်သည်။အင်္ကျီလက်ကို တံတောင်အထိ ခေါက်တင်လိုက်ပြီး သစ်သားရေပုံးထဲသို့ တဘက်တစ်ကို နှစ်ကာ ရေညှစ်လိုက်၏။ထို့နောက် ဖင်ကုန်း၍ ခန်းမဆောင်ကြမ်းပြင်ကို ကြမ်းတိုက်လေတော့သည်။

ဟမ့်!! မတိုက်လို့မှ မရဘဲ ကိုကိုသခင်ကြီးက ခိုင်းထားတာကိုးဗျ။

ခန်းမဆောင်ကြီးမှာ ကျယ်ပြန့်ပြီး အလည်တွင် ကျောက်တလင်းခင်းထားသည်မှအပ အားလုံး ကျွန်းသားခင်းသာ ဖြစ်သည်။သူရပြည့်စုံ ကြမ်းခင်းတွေကို  အထပ်ထပ်တိုက်ပြီး ရေပုံးလေးကို မနိုင့်တနိုင် မကာ  ခန်းမဆောင်အပြင်ထွက်လာသည်။အိမ်တော်ကြီးကတော့ တိတ်ဆိတ်နေပြီး မျက်နှာပြောင်တစ္ဆေမများက လှည့်လည်သွားလာနေသည်။မျက်နှာပြောင်တစ္ဆေမများမှာ ပါးစပ်၊မျက်စိနှင့်နှာခေါင်းများမပါသည့်အတွက် ဘာသံမှမထွက်။သူတို့ကို မြင်ရဖန်များ၍  သိပ်မကြောက်တော့ပေ။သူတို့က အဝတ်စဖြူကြီးများ ‌လေတွင်လွှင့်ဝဲနေသလို ရွေ့လျားနေကြသည်။မျက်စိမပါဘဲ သူတို့တစ်ယောက်နဲ့တစ်ယောက် မတိုက်မိအောင် ဘယ်လို‌သွားလာနေကြသလဲတော့ မပြောတတ်ပါချေ။

သူရပြည့်စုံ  အိမ်တော်အပြင်ဘက်ရှိ ရေတွင်းထံသို့ ထွက်လာသည်။ရေတွင်းက ရေညှိတွေတက်နေပြီး ငုံ့ကြည့်လိုက်ရင် ‌အမှောင်ထုကိုသာ မြင်ရသည်။ညနေဆည်းဆာ၏နေခြည်လေးတွေက ပတ်ဝန်းကျင်ကို အလင်းပေးထား၍သာ တော်သေးသည်။မြင်‌ကွင်းက နွေးထွေးနေတာကြောင့် တိတ်ဆိတ်နေသော်လည်း ကြောက်စရာသိပ်မရှိ။ရေညစ်များကို သွန်ပြီး ရေတွင်းရှိ ကြိုးတပ်ထားသည့်ရေပုံးကို ရေတွင်းထဲ ပစ်ချလိုက်သည်။ထို့နောက် ရေပုံးကို ပြန်ဆွဲတင်သည်။ရေအပြည့်ပါလာသည့်ရေပုံးကို ရေပုံးအလွတ်ထဲ သွန်ချလိုက်သည်။ရေပုံးကို မကာ စံအိမ်ထဲ ပြန်ဝင်လာသည်။

ခန်းမဆောင်တံခါးရှေ့တွင် ငွေရာဇ်ကို တွေ့ရသည်။ငွေရာဇ်က အနက်ပေါ်တွင် ငွေချိတ်လေးတွေ ပါရှိသည့် တောင်ရှည်ပုဆိုးကို ဝတ်ဆင်ထားပြီး အနက်ရောင်သိုရင်းကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် ချောမောခံ့ညားပေသည်။နဖူးသင်းကျစ်ဝတ်ဆင်ထားပြီး ဆံပင်ကို သေသပ်စွာထုံးဖွဲ့ထားတာကြောင့် သူ့မျက်နှာက ရှင်းလင်းပြီး ချောမောနေသည်။ငွေရာဇ်မှာ သူ့အစ်ကိုတော် ရွှေရာဇ်ကြော့ရှင်နှင့် ရုပ်ချင်းဆင်တူလှသည်။သို့သော်....ချောမောမှုကတော့......

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now