part 28

48.3K 4.3K 331
                                    

မရဏ အိမ်တော်ကို နှင်းဆီနွယ်တွေနှင့် ပြုပြင်တည်ဆောက်လိုက်တော့ အချိန်ခဏလေးအတွင်း ပကတိအတိုင်း ပြန်ဖြစ်သွားချေပြီ။စာရင်းစာအုပ်တွေကို စီစဉ်ရာမှာတော့ အချိန်တချို့ယူရ၏။ နှင်းဆီနွယ်တွေက စာအုပ်တွေကို စာအုပ်စင်တွေပေါ်  စီလျက် အလုပ်များနေသည်။ရာဇ်နှင့်မရဏတို့က စကားပြောနေကြပြီး ငွေရာဇ်နှင့် သူရပြည့်စုံတို့က အပြင်ထွက် လမ်းလျှောက်ကြသည်။

ပတ်ဝန်းကျင်က မှောင်မိုက်ခြောက်သွေ့နေပြီး အနီးအနားတွင် နှင်းဆီနက်တွေမှတစ်ပါး မည်သည့်အရာမှ မရှိတာကြောင့် သူရပြည့်စုံ ပျင်းလာသည်။

"မရီးတော် ပျင်းနေပြီလား"

သူရပြည့်စုံ ငွေရာဇ်ကို မော့ကြည့်လိုက်သည်။ငွေရာဇ်က ငွေရောင်အဆင်တန်ဆာတွေနှင့် ခံ့ညားနေ၏။ငွေရာဇ်ကို ကြည့်ရသည်မှာ နှစ်ဆယ်စွန်းစွန်းခန့်သာထင်ရသည်။မျက်နှာက တက်ကြွပျော်ရွှင်တတ်ပြီး ပေါ့ပေါ့ပါးပါးသာ။

"အင်း ပျင်းစရာကောင်းလိုက်တာ ဘာမှလည်း လုပ်စရာမရှိဘူး"

"ကျုပ်နဲ့ကစားမလား"

"ဘာတမ်းဆော့မှာလဲ"

"ကျုပ်တော့မသိဘူး တစ်ခုခုပေါ့"

"ငွေရာဇ် ငယ်ငယ်က ဘာမှ မကစားဖူးဘူးလား"

"အင်း လူ့ဘဝတုန်းက အမြဲတမ်း နာမကျန်းဖြစ်နေတော့ ဆေးတွေမှီဝဲရင်းပဲ ကြီးလာရတာ ကလေးသူငယ်တွေလို ‌မကစားဖူးဘူး"

သူရပြည့်စုံ ခေါင်းထဲ ငွေရာဇ် သေဆုံးခဲ့ရပုံတွေက တဖျတ်ဖျတ် ပေါ်လာသည်။သူရပြည့်စုံ စိတ်ထဲ လေးလံသွားသည်။ ငွေရာဇ် အသက်ရှင်စဉ်က လွှတ်လပ်စွာ ပြေးလွှား‌ဆော့ကစားခွင့်မရခဲ့သလို ဆိုးဝါးစွာလည်း သေဆုံးခဲ့ရသေးသည်။သူရပြည့်စုံ ငွေရာဇ် လက်လေးကို ဆုပ်ကိုင်လိုက်ပြီး

"ဒါဆို ကျွန်တော်နဲ့ဆော့မယ်"

ငွေရာဇ် အကြည့်တွေက တောက်ပသွားသည်။

"ဖိနပ်ချွတ်"

ငွေရာဇ် ဖိနပ်ချွတ်ပေးသည်။သူရပြည့်စုံလည်း ဖိနပ်ကို ချွတ်လိုက်ပြီး ဖိနပ်လေးဖက်ကို စုကာ ထောင်လိုက်၏။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now