Part 27

50.9K 4.5K 1.2K
                                    

ရာဇ် သူရပြည့်စုံ ကိုယ်လေးကို ဆွဲဖက်လိုက်ပြီး လျှာကြီးထုတ်ကာ သူရပြည့်စုံ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။တစ္ဆေတစ်ကောင်ဖြစ်သည့် ရာဇ်မှာ ပုံမှန်ထက် လျှာရှည်လေသည်။သူရပြည့်စုံ လက်သီးဆုပ်ကာ ရာဇ် ရင်ဘတ်ကို ထု၏။သူရပြည့်စုံ မျက်ရည်တွေဝေ့သီလာသည်။ရာဇ်က သူရပြည့်စုံ ခံတွင်းတစ်ခုလုံးကို မွှေနှောက်နမ်းရှိုက်ပြီးမှ လွှတ်ပေးလာသည်။သူရပြည့်စုံ ခေါင်းထဲ ဗလာဖြစ်သွားပြီး အသက်ကို အမောတကောရှူရသည်။သူရပြည့်စုံ ရာဇ်ကို မျက်စောင်းထိုးလိုက်ပြီး

"လျှာကြီးထုတ်ပြီး မနမ်းပါနဲ့ဆို လျှာတန်းလန်းနဲ့ ကိုကိုသခင်ကြီးက လုံးဝမမိုက်ဘူးနော်"

"လျှာနဲ့နမ်းမှ အနမ်းပီသမှာပေါ့"

ရာဇ်က ပြောရင်း ညှို့ယူနိုင်စွမ်းပြင်းစွာပင် လျှာနှင့် နှုတ်ခမ်းသပ်လိုက်သည်။သူရပြည့်စုံ စိတ်တိုသွားကာ ထရပ်လိုက်၏။ရာဇ် ထလာ သူရပြည့်စုံ ခါးလေးကို ဆွဲဖက်ကာ ကောင်ငယ်လေးရဲ့ကုပ်ပိုးလေးကို အချစ်သင်္ကေတလေးတွေ ပေါ်အောင် စုတ်နမ်းသည်။သူရပြည့်စုံ ရင်ထဲ ဖိန်းတိန်းရှိန်းတိန်း။သူရပြည့်စုံ ကုပ်ပိုးလေးကို လက်နှင့်အုပ်ကာ ‌ရာဇ်နှင့် အဝေးကို ပြေးသွားသည်။သူရပြည့်စုံ မျက်နှာလေးကနီရဲနေပြီး မျက်လုံးတွေက ပြူးကျယ်နေ၏။ သူရပြည့်စုံရဲ့ မျက်နှာလေးမှာ ချစ်စရာကောင်းလွန်းတာကြောင့် ရာဇ်က သဘောကျစွာ ရယ်မောလာသည်။

"ဟား ဟား ချစ်လွန်းလို့ သေတော့မှာပဲကွာ"

"ကျွန်တော် စိတ်ဆိုးနေတာနော်"

သူရပြည့်စုံ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ရာဇ်က ပြုံးရယ်နေပြီး သူရပြည့်စုံထံ တစ်လှမ်းချင်းလျှောက်လာကာ သူရပြည့်စုံ ခါးလေးကို ဆွဲဖက်လိုက်သည်။ထို့နောက် လျှာကြီးထုတ်ကာ သူရပြည့်စုံကို နမ်းပြန်သည်။

"အွန့်....လျှာကြီးက...အူယားတယ်လို့..."

ရာဇ် သူရပြည့်စုံနှုတ်ခမ်းတွေကို မက်မက်မောမောနမ်းရှိုက်နေပြီး အသိစိတ်တစ်ခုလုံးကို စုပ်ယူသွားသည်။သူရပြည့်စုံရဲ့နှလုံးသားတွေက တဒုတ်ဒုတ်ခုန်လာပြီး ရာဇ်ခါးကို ပြန်လည်ပွေ့ဖက်ကာ နမ်းရှိုက်သည်။ရာဇ် သူရပြည့်စုံ ပေါင်ကို ‌ဆုပ်ကိုင်ကာ နှင်းဆီနက်တွေပေါ် အသာအယာလှဲချရင်း အနမ်းတွေကို ဆွဲခေါ်သည်။သူရပြည့်စုံ ခန္ဓာကိုယ်က ပူလောင်လာပြီး ခြေထောက်တွေက ရာဇ်ခါးတွင် ချိတ်ဆွဲလာသည်။ရာဇ်က သူရပြည့်စုံ အင်္ကျီထဲ လက်လျှိုဝင်ပြီး ခါးလေးကို အသာပွတ်သပ်သည်။ရာဇ် သူရပြည့်စုံ ကိုယ်ပေါ်မှ အုပ်မိုးကာ ကြည့်လိုက်တော့ သူရပြည့်စုံ အဝတ်တွေက ဖရိုဖရဲဖြစ်နေပြီး ရီဝေဝေမျက်လုံးလေးတွေက မှေးစင်းနေသည်။နှုတ်ခမ်းပါးများမှာ နီထွေးနေပြီး ရာဇ်ကို အရူးအမူးချစ်စေသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now