Part 39

45.3K 3.8K 171
                                    

လူဦးခေါင်းသတ္တဝါတွေက  မြစ်ထဲသို့ တစ်ဟုန်ထိုး ပြေးဆင်းနေသည်။ရာဇ် သူရပြည့်စုံကို လွှတ်လိုက်ကာ အရှိန်အဝါအပြည့်နှင့် လေထဲပျံဝဲသွားသည်။မရဏက နှင်းဆီနွယ်တွေနှင့် လူဦးခေါင်းသတ္တဝါတွေကို အပြင်းအထန်တိုက်ခိုက်သည်။ဖဲဝါရဲ့ခွေးနက်ကြီးတွေကလည်း အထိနာနေချေပြီ။ရာဇ် လက်သီးတွင် ရွှေရောင်လျှပ်စီးတွေ စုလိုက်ပြီး အနက်ရောင်တိမ်တိုက်ကြီးကို ဖြိုခွဲသည်။

အုန်း!!

ရွှေရောင်လျှပ်စီးတွေက အနက်ရောင်တိမ်တိုက်ကြီးထဲ ဖြတ်ပြေးသွားပြီး ပေါက်ကွဲမှုတွေ ဖြစ်ပေါက်လာသည်။အနက်ရောင်တိမ်တိုက်ကြီးက ‌ကျယ်လောင်သည့်ပေါက်ကွဲသံနှင့်အတူ တုန်ခါလာပြီး လူဦးခေါင်းသတ္တဝါတွေက တစ်ဟုန်ထိုး ထွက်လာသည်။ရာဇ် ကိုယ်ဝတ်အင်္ကျီတွေက ပြဲထွက်ကုန်သည်။ရာဇ် တစ်ကိုယ်လုံးမှ အနက်ရောင်အခိုး‌အခွေ့တွေက စိမ့်ထွက်လာပြီး ရာဇ် မျက်လုံးတွေက မည်းနက်သွားသည်။ရာဇ် လက်သီးနှင့် အနက်ရောင် တိမ်တိုက်ကြီးကို ထိုးချလိုက်သည်။တိမ်တိုက်ကြီးက တဟီးဟီးမြည်ဟီးလာပြီး အထဲမှ လက်ပေါင်းများစွာက ရာဇ် ကို ဆွဲကိုင်လာသည်။ရာဇ် မျက်မှောင်ကြုတ်ပြီး နောက်တစ်ကြိမ်ထိုးချလိုက်သည်။

ဒုန်း!!!

ရွှေရောင်လျှပ်စီးတွေက အမြင့်ဆုံးအနေအထားဖြင့် တိမ်တိုက်ထဲ စီးဝင်သွားသည်။ရာဇ် နဖူးမှအကြောတွေက ဖောင်းကြွနေပြီး ရာဇ် အံကြိတ်ထားတာကြောင့် မေးရိုးက ထင်းထွက်နေသည်။

ကျယ်လောင်သည့်ပေါက်ကွဲသံနှင့်အတူ တိမ်တိုက်ကြီးက ပေါက်ကွဲပြိုလဲသွားပြီး အထဲမှ လူဦးခေါင်းတွေက အပိုင်းပိုင်းအပြတ်ပြတ် ပြတ်တောက်သွားသည်။အသားအပိုင်းအစများက လေထုထဲမှ ပြုတ်ကျလာပြီး သွေးစက်များက ‌မိုးရွာသည့်အလား။ရာဇ် သူရပြည့်စုံထံ တစ်ဟုန်ထိုးပြေးသွားပြီး ရင်ခွင်ထဲထည့်ဖက်လိုက်သည်။သူရပြည့်စုံတစ်ကိုယ်လုံး ရာဇ်ခန္ဓာကိုယ်ထဲတွင် နှစ်မြှုပ်သွားသည်။

မရဏရဲ့နှင်းဆီနွယ်တွေက လှုပ်ရှားလာပြီး ဧရာမနှင်းဆီနက်တွေက တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လာသည်။သူရပြည့်စုံ ရာဇ် ရင်ခွင်ထဲမှ‌ နေ၍ သူတို့အပေါ် ထီးသဏ္ဌာန်အုပ်မိုးပွင့်လာသောနှင်းဆီနက်ကြီးတွေကို မော့ကြည့်သည်။မြေပြင်နေရာအနှံ့တွင် ဧရာမနှင်းဆီနက်တွေက ပန်းခင်းကြီးသဖွယ် မွှေးကြိုင်စွာ ပွင့်လာသည်။လူဦးခေါင်းသတ္တဝါတွေရဲ့အသားအပိုင်းအစများက ဧရာမနှင်းဆီနက်တွေရဲ့ပွင့်ချပ်တွေထဲ နှစ်ဝင်သွားသည်။မရဏနှင်းဆီနက်တွေက သေ‌‌ဆုံးသွားသည့် ဖုတ်ပြိတ္တာတွေရဲ့အတိတ်တွေ မှတ်ဉာဏ်‌တွေကို စုပ်ယူသွားသည်။သွေးနံ့တွေအစား စူးရှပြင်းထန်သည့်နှင်းဆီရနံ့က လေထုထဲ နေရာယူလာသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now