Part 12

62.5K 5K 304
                                    

<Unicode>
ဒီနေ့က သူရပြည့်စုံတို့စပြီး ခရီးထွက်ကြတော့မည့် နေ့ပင်။‌ကောင်းကင်ကြီးက နီရဲနေပြီး တိမ်ဆုပ်လေးများက လိ‌မ္မော်နီရောင်သန်းနေ၏။လေထုက တိတ်ဆိတ်ခြောက်ကပ်နေပြီး ပူလောင်အိုက်စပ်မှုကြောင့် သက်တောင့်သက်သာမရှိ။လေပူများက ဖုန်မှုန့်များကို သယ်ဆောင်လျက် ဝေ့ဝှိုက်တိုက်ခတ်နေသေးသည်။

သူရပြည့်စုံ ဖိနပ်ကြိုးလေးကို ချည်လိုက်သည်။ခန္ဓာကိုယ်တွင် လာရောက်တွယ်ကပ်သည့် ဖုန်မှုန့်လေးတွေကို ခါခက်လိုက်ပြီး အိမ်တော်အပြင်ဘက် ထွက်လာသည်။အိမ်တော်ရှေ့မုခ်ဝတွင် ‌ရာဇ်နှင့်သူ့ညီတော်က ရပ်လျက်စောင့်နေသည်။ရာဇ်က မုခ်ဝကို မှီထားပြီး အေးစက်ခံ့ညားသော မျက်နှာထားကို သယ်ဆောင်ထားသည်။နဖူးသင်းကျစ်နှင့် ဆံနွယ်တွေကို ထိန်းသိမ်းထားသော်လည်း ဆံနွယ်ရှည်များက ပခုံးပေါ်တွင် ဖရိုဖရဲ။နက်မှောင်လှပသော မျက်ခုံးများက အနည်းငယ်စုကြုံ့နေပြီး နက်ရှိုင်းအေးစက်သော မျက်ဝန်းများက အာဏာအပြည့်။

သူရပြည့်စုံ ရာဇ်ကို ငေးကြည့်ရင်း လက်ဖျားလေးများ အေးစက်သွားသည်။

ရာဇ်က အနက်ရောင်ပိုးထည်တောင်ရှည်ကို ဝတ်ဆင်ထားပြီး ခါးပုံစကို သိမ်းထုပ်ထားတာကြောင့် ‌အောက်မှ အနက်ရောင်ဘောင်းဘီရှည်ကို မြင်ရပြန်သည်။ရာဇ်ရဲ့ဝတ်စားပုံက ပုဂံခေတ်ဝတ်စားပုံနှင့် ဆင်တူပြီး စစ်သူကြီးတစ်ယောက်နှင့်လည်း ဆင်တူသည်။ဝတ်စုံအနက်ပေါ်မှ ရွှေရောင်အချိတ်လေးများမှာ ညနေဆည်းဆာရောင်ဟပ်သည့် အရှိန်နှင့် တလက်လက်တောက်ပနေသည်။ခါးစပ်ရှိ ရွှေခါးပတ်တွင်လည်း ရွှေကြိုးလေးများကို လှုပ်လီလှုပ်လဲ့ ချိတ်ဆွဲထားသေးသည်။ခါးတွင်လည်း ဆေးတံကို ချိတ်ဆွဲထားသည်။ရာဇ်အရပ်မှာ ခြောက်ပေကျော်သည်။

ခန္ဓာကိုယ်ပေါ်တွင်လည်း ဗောင်းစလွယ်ကြိုးကို စလွယ်တိုင်းမလွယ်ဘဲ တည့်တည့်ဆင်ယင်ထား၏။ရွှေလက်စည်းနှင့် ရာဇ် ပခုံးပေါ်မှ ရွှေကနုတ်များမှာ ပြောစရာမလိုအောင်ပင် ခမ်းနားသည်။

သူရပြည့်စုံ ချောမောခံ့ညားလွန်းသည့် ရာဇ်ကို ကြည့်ကာ အသက်ရှူနှုန်းတွေတောင် မှားယွင်းသွားရသည်။မုခ်ဝသို့ ခပ်သွက်သွက် လျှောက်သွားသည်။ရာဇ် မေးရိုးတွေက ထင်းထွက်နေပြီး

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now