Part(42) Final

62.9K 5.1K 996
                                    

မြစ်ရေပြင်က အေးစိမ့်မှောင်မိုက်နေသည်။အမှောင်ထုက ကြီးစိုးနေပြီး မီးတောက်ငယ်လေးတစ်ခုသာ ခပ်မှိန်မှိန်အလင်းပေးနေသည်။ အမှောင်ထုထဲတွင် အမျိုးသားတစ်‌‌ယောက်က ရပ်နေသည်။မီးတောက်ရှိန်လေးက ချောမောခံ့ညားလှသည့် အမျိုးသားတစ်‌ယောက်မျက်နှာလေးကို ခပ်ဖျော့ဖျော့ထင်ဟပ်နေပြီး မှိုင်းညှို့နက်ရှိုင်းနေသည့် မျက်လုံးတစ်စုံကို ဆွေးဆွေးမြေ့မြေ့ ပုံရိပ်ထင်စေသည်။ထိုအမျိုးသားမျက်နှာက မည်သည့်အမူအယာမှ မရှိဘဲ ခံစားချက်တွေလည်း ကင်းမဲ့နေသည်။

သူရပြည့်စုံ စုတ်တံကိုလက်မှ ချလိုက်သည်။ အကြောတင်နေသည့်လည်ကုပ်ကို အသာအယာနှိပ်နယ်လိုက်ပြီး ပါဝါများသည့်မျက်မှန်လေးကို ချွတ်ကာ ကြည်လင်သွားအောင် သုတ်လိုက်သည်။သူရပြည့်စုံရဲ့ အိုမင်းနေသည့် လက်ချောင်းထိပ်လေးတွေက ဆေးအနက်ရောင်တွေ စွန်းထင်းနေပြီး လေးလံသည့်ခံစားချက်နှင့်အတူ ပန်းချီကားကို ငေးကြည့်နေသည်။

"ဖိုးဖိုး"

"အေး မြေး"

သူရပြည့်စုံ ခေါ်သံလေးကို ပြန်ထူးပြီး ခေါင်းငုံ့ကြည့်လိုက်သည်။ချစ်စရာကောင်းသည့်မြေးမလေးအိတုံက သူရပြည့်စုံရဲ့ဘောင်းဘီစကို ဆွဲနေသည်။

"မေမေကပြောတယ် ညစာထမင်းစားရအောင်တဲ့"

"ဟုတ်ပြီ လာမယ်နော် အိတုံ"

သူရပြည့်စုံ ထိုင်နေရာမှ ထလိုက်ပြီး ‌လက်ဆေးသည်။ပြီးမှ အိတုံလေးကို ပွေ့ချီလိုက်၏။ခါးနာပေမဲ့ အိတုံလေးကိုတော့ ပွေ့ချီနိုင်သေးသည်။

"ဖိုးဖိုး အဲ့တာ ဘာပုံလဲဟင် ကြောက်စရာကြီး"

"ဟား ဖိုးဖိုးလည်းမသိဘူး"

"ဟွန်း မသိဘဲနဲ့ ဆွဲထားတာလား"

သူရပြည့်စုံ အိတုံကို ပွေ့ချီကာ ပန်းချီခန်းထဲမှ ထွက်လာသည်။ထမင်းစားပွဲတွင်တော့ သမီးတို့လင်မယားက ထိုင်နေကြပြီ။သူရပြည့်စုံရဲ့ဖခင်က သူရပြည့်စုံ အသက်၃၀တွင် ကွယ်လွန်သွားတာဖြစ်ပြီး မိခင်ကတော့ သူရပြည့်စုံ အသက်၄၀ပြည့်နှစ်တွင် ကွယ်လွန်သွားခဲ့တာ ဖြစ်သည်။သူရပြည့်စုံ အိတုံလေးကို ထိုင်ခုံပေါ် တင်ပေးပြီး ထမင်းစားပွဲတွင် ဝင်ထိုင်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now