Part 30

47.5K 4.2K 307
                                    

"လူလေး ပန်းသီးအတွက် လက်ဆောင်ကို သေချာအသုံးပြုခဲ့လား"

ထိုသူက သူရပြည့်စုံ နားရွက်နားသို့ကပ်လာကာ ခပ်တိုးတိုးမေးသည်။သူရပြည့်စုံ လန့်သွားပြီး ထိုသူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ဘဒ္ဒါက သူရပြည့်စုံ နောက်သို့ရောက်လာကာ ဓားကို သိမ်းလိုက်သည်။သူရပြည့်စုံ ထိုသူ့စကားကို နားမလည်။

"အစ်ကိုတော် အဲ့ဒီ‌ကောင်လေးက နှမတော်ရဲ့အကျဉ်းသားပါ"

သူရပြည့်စုံ အထိတ်တလန့်နှင့် ထိုသူ့ကို မော့ကြည့်လိုက်သည်။ထိုသူက ခပ်ယဲ့ယဲ့လေးပြုံးပြီး သူရပြည့်စုံ ပခုံးကို ဆုပ်ကိုင်ကာ သူ့ဘက်ဆွဲယူသည်။

"ကိုယ်တော့်ပိုင်နက်ထဲ ရောက်လာမှတော့ ကိုယ်တော့်အပိုင်ပဲပေါ့"

သူရပြည့်စုံ အခြေအနေကို အကဲခတ်ရင်း သတိထားသည်။ဘဒ္ဒါမျက်ခုံးတွေက မကျေမချမ်းစုကြုံ့သွားသည်။

"သူက ရွှေရာဇ်ကြော့ရှင်ရဲ့ကြင်ယာပါ နှမတော်ကို ပြန်ပေးပါ"

ထိုသူ့အကြည့်တွေက လေးနက်သွားပြီး သူရပြည့်စုံ မျက်နှာလေးကို စူးစိုက်ကြည့်သည်။

"ဟား ဟား အဲ့သလိုဆို ပိုကောင်းတာပ ပရလောကရဲ့သခင်ကြီးအတွက် ကစားပွဲလေး ဖန်တီးပေးရတာပေါ့ ကိုယ်တော်ပျင်းနေတာနဲ့ အတော်ပဲ"

သူရပြည့်စုံ ကြောက်ရွံ့စွာ နောက်ဆုတ်သွားသည်။ထိုလူက သူရပြည့်စုံ ခါးကို ဆွဲဖက်လိုက်ပြီး နဖူးကို အသာထိလိုက်သည်။သူရပြည့်စုံ အာရုံထဲ အတိတ်ဖြစ်ရပ်တွေက တစ်ကွက်ပြီးတစ်ကွက်ပေါ်ပေါက်လာသည်။ခေါင်းတွေက ခြာခြာ‌လည်အောင်မူးလာပြီး နှလုံးခုန်နှုန်းက အပြင်းအထန် မြန်ဆန်လာသည်။သူရပြည့်စုံ အသိစိတ်တွေက ဝေဝါးလာကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။နားထဲတွင်လည်း တဝီဝီအသံက လှည့်ပတ်နေသည်။

"ဟား ဟား ဟား ဒီကောင်လေးက ဟား ဟား  စာချုပ်ကြိုးကို ရွှေရာဇ်ကြော့ရှင်နဲ့ ချုပ်ခဲ့တယ်ပေါ့ ကောင်းလိုက်တာ ဟား ဟား ဟား"

ထိုသူက တဟားဟားရယ်မောလာသည်။သူရပြည့်စုံ မျက်လုံးတွေက ပြူးကျယ်သွားကာ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာသည်။ဘဒ္ဒါက ဘာကိုမှ နားမလည်ဘဲ အစ်ကိုတော်ကို ကြည့်နေသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now