Part 29

45.8K 4.2K 608
                                    

သူရပြည့်စုံ မျက်လုံးလေးကို ဖွင့်လိုက်သည်။မြင်မြင်သမျှက အနက်ရောင်ကျောက်သားများနှင့် မီးတောက်အရောင်များသာ။ပတ်ဝန်းကျင်မှ လေထုက ပူအိုက်နေပြီး သူရပြည့်စုံ နဖူးတွင် ချွေးစက်တို့တွဲခိုနေသည်။သူရပြည့်စုံ တစ်ကိုယ်လုံးကနာကျင်လေးလံနေသည်။ကြိုးစားကာထလိုက်တော့ လက်နှင့်ခြေထောက်များကို သံကြိုးခတ်ထားကြောင်းနားလည်လိုက်သည်။မှောင်ရိပ်ကျနေသော ကျောက်သားအခန်းထဲတွင် သံကြိုးချင်းထိခတ်သံ တချွင်ချွင်က ကျယ်လောင်စွာ ထွက်ပေါ်နေသည်။

သူရပြည့်စုံ ကြောက်စိတ်များက ရင်ထဲ တရိပ်ရိပ်တိုးဝင်လာသည်။ဘာမှန်းမသိရသောလူက ဘယ်နေရာမှန်းမသိ‌သည့်နေရာကို ဖမ်းခေါ်လာသည်။သူရပြည့်စုံ ကြောက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံးဖြူဆုတ်နေသည်။ပတ်ဝန်းကျင်မှ အပူချိန်က မြှင့်တက်နေပေမဲ့  ကြောက်ရွံ့မှုကြောင့် သူရပြည့်စုံ ခြေဖျား‌လက်ဖျားတွေက အေးစက်နေသည်။

ဂျိန်း!!

ကျောက်သားတံခါးက ပွင့်သွားပြီး ဘဒ္ဒါက အခန်းထဲ ဝင်လာသည်။ဘဒ္ဒါရဲ့အသားအရည်က မည်းနက်နေပေမဲ့ မျက်လုံးတွေကတော့ မီးဝင်းဝင်းတောက်နေသည်။သေးသိမ်သည့်ခါးလေးကို ခါယမ်းကာ လှုပ်လီလှုပ်လဲ့ဝင်လာပုံက ညှို့အားပြင်းသည်။ခြေတံတစ်လျှောက်က လမ်းလျှောက်လိုက်တိုင်း လှစ်ခနဲပေါ်လာပြီး တင်းရင်းသည့်ရင်သားများက ရင်ခံအပြင်ဘက်သို့ လျှံထွက်နေသည်။သူရပြည့်စုံ နားရွက်ဖျားလေးတွေ ပူလောင်လာသည်။

"မင်းက မောင်ကြီးရဲ့ချစ်သူပေါ့"

ဘဒ္ဒါက သူရပြည့်စုံရှေ့တွင် လက်ပိုက်ပြီး ရပ်လိုက်သည်။သူရပြည့်စုံ နှုတ်ခမ်းလေးကိုက်လိုက်၏။

"မဖြေဘူးပေါ့ ကောင်းပြီလေ ဟက်"

ဘဒ္ဒါ ဟက်ခနဲရယ်ပြီး သူရပြည့်စုံရှေ့ တစ်လှမ်းချင်းလျှောက်လာသည်။သူရပြည့်စုံ အနောက်ကို ဆုတ်သွားပြီး ကြောက်ကြောက်လန့်လန့်နှင့်တုန်တုန်ယင်ယင်နေရှာသည်။စကားလုံးတချို့က အထစ်ထစ်အငေါ့ငေါ့နှင့် ခပ်တိုးတိုးထွက်ကျလာသေးသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now