Part 18

57.2K 4.9K 749
                                    

<Unicode>
နရမဏိ ပြိုကျပျက်စီးနေသည့် ဧည့်ဆောင်ကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ဧည့်ဆောင်က အစိတ်စိတ်အမြွှာမြွှာဖြစ်နေပြီး ရာဇ်တို့က ပုံမှန်အတိုင်းသာ ဧည့်ဆောင်အပြင်ဘက်တွင် ရပ်နေပြီး ပျဉ်ပြားအကျိုးအပဲ့များကိုတော့ ထောင့်တွင် စုပုံထားသည်။သူရပြည့်စုံက ခေါင်းလေးငုံ့ထားပြီး ခွေးလေးကို ပွေ့ထားသည်။

"ဒါက ဘယ်က ဘယ်လို..."

ရာဇ်က နရမဏိထံသို့ ပိုးအိတ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။နရမဏိက ပိုးအိတ်ကို ဖမ်းပြီး ဖွင့်ကြည့်သည်။‌အိတ်ထဲတွင် ရွှေတုံးများအပြည့်။‌ရွှေတုံးတွေက အတော့်ကို များတာကြောင့် နှုတ်ခမ်းထောင့်တွေက ကော့တက်သွားသည်။

"ဒီညတော့ တခြားအဆောင်တော်မှာ တည်းခိုကြပါ ကျွန်ုပ် စီစဉ်ပေးပါ့မယ်"

ရာဇ် သူရပြည့်စုံပွေ့ထားသည့် ခွေးလေးကို ကုပ်မှ ဆွဲယူပြီး မြေကြီးပေါ်ချလိုက်သည်။ခွေးလေးက ရာဇ်ကို ကြည့်ကာ တဂီးဂီးမာန်ဖီနေ၏။

"တံခါးက နက်ဖြန်ခါပွင့်ရော့မှာမလား"

"ဟုတ်ပါတယ် နက်ဖြန်ခါဆို ငရဲဘုံကို ဆင်းလို့ရပါပြီ"

နရမဏိက ပြုံးရင်းပြောသည်။သူရပြည့်စုံ ရာဇ်ကို လှမ်းကြည့်သည်။ရာဇ်က သူရပြည့်စုံကို အေးစက်စက်ကြည့်ပြီး ခွေးလေးကို ကြည့်သည်။

"နက်ဖြန်ခါ သွားရတော့မှာဆိုတော့ ဥယျာဉ်ထဲ လည်ပတ်ကြပါလား ကျွန်ုပ် လိုက်ပို့ပါ့မယ်"

သူရပြည့်စုံ ခေါင်းညိတ်သည်။မသွားခင် ဟိုနားဒီနား သွားလည်တာကလည်း ကောင်းတာပဲ။

နရမဏိက ရှေ့မှ ဦးဆောင်သည်။ရာဇ်နှင့်သူရပြည့်စုံတို့က နောက်မှ လိုက်သည်။

နရမဏိရဲ့ဥယျာဉ်က အရောင်အသွေးစုံလင်ပြီး လှပသည်။ပန်းပေါင်းစုံကလှိုင်လှိုင်ဖူးပွင့်နေပြီး ‌စိမ်းလဲ့သည့်ရေကန်ကြီးလည်းရှိသည်။ရေကန်ထဲတွင် ကြာပန်းများ ဖူးပွင့်နေသည်။ရေကန်‌ဘေးတွင်တော့ အမျိုးသားသုံးယောက် ထိုင်နေသည်။သူတို့က ပါးလွှာသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဖြူဖွေးနုနယ်သည်။ရုတ်တရပ်ကြည့်ရင် ယောကျာ်းလား မိန်းမလား မသဲကွဲ။မျက်နှာများမှာ လှပချောမောကြသည်။ခါးလေးတွေက သေးသိမ်လှပပြီး ခန္ဓာကိုယ်က သွယ်လျလှပသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now