Part 37

43.6K 3.7K 317
                                    

ယာမ အံကြိတ်ပြီး သူရပြည့်စုံ ခါးလေးကို ခပ်တင်းတင်းဖက်သည်။သူရပြည့်စုံ ယာမရဲ့အေးခဲနေသည့်မျက်နှာကြောင့် ကျောရိုးတစ်လျှောက် အေးခဲသွားပြီး ယာမလက်ကို ခပ်တင်းတင်းဆုပ်ကိုင်သည်။သူရပြည့်စုံ နှုတ်ခမ်းထောင့်တို့ ကော့တက်အောင် အတင်းကြိုးစားလိုက်ပြီး

"ကိုကိုသခင်ကြီး ဘာဖြစ်တာလဲဟင်"

ယာမ သူရပြည့်စုံကို အေးစက်စက်ကြည့်ပြီး စကားတစ်ခွန်းမှ‌မပြော။ယာမ အကာအရံကို တဒုန်းဒုန်းဝင်ဆောင့်နေသည့် ရာဇ်ကို အကြည့်ပို့လိုက်သည်။

ရာဇ် နဖူးမှသွေးကြောတွေက တဒုတ်ဒုတ်ခုန်ပေါက်နေသည်။အနက်ရောင် အရိပ်အငွေ့တွေက ရာဇ်ဘေးတွင် ပိုမိုထူထပ်လာပြီး ရာဇ် မျက်နှာကလည်း ပိုပြီး ဖြူဆုတ်လာသည်။ရာဇ် လှံတံကို ညာဘက်လက်တွင် ပြောင်းကိုင်ပြီး ဘယ်လက်မြှောက်လိုက်သည်။အဝေးမှ ငွေရောင်ခက်ရင်းခွတစ်ခုက လျှပ်စီးလို အရှိန်ဖြင့် ပျံသန်းလာပြီး ရာဇ်လက်တွင်းသို့ ဝင်ရောက်လာသည်။ရာဇ် အကာအရံနှင့် အဝေးကို ပျံသန်းသွားပြီး ခက်ရင်းခွတစ်ဖက်၊လှံတံတစ်ဖက်နှင့် အကာအရံကို ဦးတည်ကာ တစ်ဟုန်ထိုးပျံသန်းလာသည်။

ဒုန်း!!

အကာအရံက အက်ကွဲသွားသည်။

ယာမ မျက်လုံးတွေ ပြူးကျယ်သွားပြီး ဓားကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်၏။ယာမနောက်တွင်လည်း အနက်ရောင်တိမ်တိုက်ကြီးတစ်ခုပေါ်လာပြီး ထိုတိမ်တိုက်ထဲမှ ဦးခေါင်းတွင် လက်နှစ်ဖက်ပေါက်နေသော သတ္တဝါတွေက ခြောက်ခြားဖွယ်တွန့်လိမ်လှုပ်ရှားနေသည်။ပုပ်အဲ့အဲ့အနံ့က လေထုထဲပျံ့နှံ့လာပြီး မသတီစရာမြင်ကွင်းကြောင့် သူရပြည့်စုံ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။

သူရပြည့်စုံ အနက်ရောင်တိမ်တိုက်ကြီးကို ကြည့်ကာ ရွံရှာမှုများက လှိုက်တက်လာသည်။သူရပြည့်စုံ ကျောချမ်းသွားပြီး ယာမနား ပိုပြီးတိုးကပ်သွားသည်။သူရပြည့်စုံ အကာအရံကို ထိုးဖောက်နေသည့် ရာဇ်ကို ကြည့်လိုက်သည်။ရာဇ်ကိုလည်း အနက်ရောင်အခိုးအငွေ့တွေက လွှမ်းခြုံထားပြီး ထိုအနက်ရောင်အငွေ့တွေထဲတွင် ရွှေရောင်လျှပ်စီးကြောင်းလေးများက တဖျပ်ဖျပ် တောက်ပစွာ ဖြတ်ပြေးနေသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now