Part 17

55.8K 4.9K 761
                                    

<Unicode>
သူရပြည့်စုံ သွေးသံရဲရဲမြင်ကွင်းကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။မျက်နှာတစ်ခုလုံးက သွေးဆုတ်ဖြူလျော်သွားပြီး ရာဇ်ရဲ့အင်္ကျီအနားစကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။သွေးနံ့က လေထုထဲပျံ့နှံ့နေပြီး ကြောက်မက်ဖွယ်မြင်ကွင်းက သူ့အတွက် အလွန့်အလွန်ကို ထိတ်လန့်သွားစေသည်။

ရာဇ် ရင်ခွင်ထဲမှ သူရပြည့်စုံကို ငုံ့ကြည့်သည်။ ကောင်ငယ်လေးက ‌အေးစက်တောင့်တင်းနေပြီး မျက်ကည်တွေရစ်ဝဲကာ ကြောက်ရွံ့တုန်လှုပ်နေရှာသည်။ရာဇ် သူရပြည့်စုံကို ခပ်တင်းတင်းဖက်လိုက်သည်။

"မကြောက်နဲ့ ကိုယ်တော် မင်းကို အထိအခိုက်ခံမှာ မဟုတ်ဘူး"

ရာဇ်အသံက နူးညံ့နေတာမျိုးလည်း မဟုတ်သလို တင်းမာနေတာမျိုးလည်းမဟုတ်။‌ယုံကြည်မှုပြည့်ဝပြီး အားကိုးအားထားပြုလောက်သည့် သန်မာသည့်လေသံ။သူရပြည့်စုံ နှလုံးသားက နွေးထွေးသွားပြီး ရာဇ်ကို မော့ကြည့်ကာ

"ဘာလို့လဲ"

သူရပြည့်စုံရဲ့လေသံလေးက ဖျော့တော့ပြီး တိုးညှင်းသည်။ရာဇ် ကောင်ငယ်လေးရဲ့မျက်ဝန်းတွေကို စူးစိုက်ကြည့်ရင်း အပြုံးလေးနှင့် ပြန်ဖြေသည်။အပြုံးလေးမှာ နေခြည်လေးပမာ......။

"မင်းက ကိုယ့်ရဲ့သခင်လေ"

သူရပြည့်စုံရဲ့ ခန္ဓာကိုယ်လေးက ပြန်လည်ပျော့ပျောင်းသွားပြီး တစ်ကိုယ်လုံးနွေးထွေးသွားသည်။ရှေ့မှလူကို တစ်ချက်ကြည့်လိုက်ပြီး ရာဇ် ခါးကို ခပ်တင်းတင်းဖက်ကာ ရင်ခွင်ထဲ အတင်းတိုးဝင်သည်။

ငွေရာဇ် သစ်ပင်ခွကြားတွင် ထိုင်နေရင်း နေကြာစေ့စားကာ ဧည့်ဆောင်ထဲမှ အဖြစ်အပျက်တွေကို ကြည့်နေသည်။

အစ်ကိုတော်က သူရကို ပွေ့ရင်း ရန်သူကို တိုက်ခိုက်နေတာက အရမ်းခံ့ညား၊အရမ်းချော၊အရမ်းကြည့်ကောင်း!!

ချစ်သူလေးတစ်ဖက် လှံတံတစ်ဖက်နှင့် တိုက်ခိုက်နေပုံက ကာကွယ်လိုစိတ်အပြည့်။ငွေရာဇ် နှုတ်ခမ်းထောင့်တွေက ကော့‌တက်နေပြီး နေကြာစေ့အခွံတွေကို ပစ်ချလိုက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now