Part 23

54K 4.7K 1.1K
                                    

အနက်ရောင်နှင်းဆီခြုံနွယ်တွေ ရစ်နွယ်ထားသည့် တံခါးကြီးတစ်ချပ်က တောစပ်တွင် ရှိနေသည်။ရာဇ် သူရပြည့်စုံ လက်လေးကိုကိုင်ကာ တံခါးကိုဖွင့်လိုက်သည်။တံခါးတစ်ဖက်မှ မြင်ကွင်းက မှောင်မိုက်နေပြီး ခြောက်သွေ့နေသည်။ကောင်းကင်တွင် လနှင့်နေမရှိ။ နေ့ညဟူ၍ မရှိဘဲ ပတ်ဝန်းကျင်က မှောင်ရိပ်သန်းနေသည်။အနက်ရောင်နှင်းဆီခြုံနွယ်များက တောသဖွယ် အထပ်ထပ် ရစ်နွယ်နေကြသည်။

သူရပြည့်စုံ စိုးရိမ်စိတ်ဖြင့် ရာဇ် လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ရာဇ်က သူရပြည့်စုံ ခါးလေးကို ဆွဲဖက်ကာ တံခါးကို ဖြတ်ကျော်လာ၏။ငွေရာဇ်ကလည်း ခွေးကလေးကို ပွေ့ကာ နောက်မှ လိုက်သည်။အပူရှိန်က ပြင်းထန်ပြီး သူရပြည့်စုံ နဖူးတွင် ချွေးစက်လေးတွေ တွဲခိုလာသည်။မြေပြင်ကလည်း ခြောက်သွေ့ကွဲအက်နေပြီး နှင်းဆီခြုံနွယ်များကတော့ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနေကြသည်။အနက်ရောင်နှင်းဆီများမှာ လှပခံ့ညားအေးစက်စွာ ပွင့်လန်းနေကြသည်။

သူရပြည့်စုံ နှင်းဆီတစ်ပွင့်ကို ထိရန် လက်လှမ်းလိုက်သည်။ရာဇ်က သူရပြည့်စုံကို တားမြစ်သည်။

"မထိနဲ့ မရဏနှင်းဆီတွေမှာ အတိတ်တွေရှိတယ် ဆူးစူးမိရင် ဘာမဆိုဖြစ်သွားနိုင်လေတယ်"

ရာဇ်နှင့်သူရပြည့်စုံတို့ ရှေ့ကို ဆက်လျှောက်လာသည်။ရာဇ်နှင့်ငွေရာဇ်ကတော့ ပုံမှန်အတိုင်းဆက်လျှောက်နေပေမဲ့ သူရပြည့်စုံကတော့ အပူရှိန်ကြောင့် မူးဝေလာသည်။သူရပြည့်စုံ ရေဆာလာပြီး ရှေ့သို့ ယိုင်လဲသွားသည်။ရာဇ် ပျော့ခွေနေသည့် သူရပြည့်စုံကို အသာပွေ့ချီလိုက်သည်။သူရပြည့်စုံ တစ်ကိုယ်လုံးချွေးတွေ ရွှဲနှစ်နေပြီး အားအင်ကုန်ခမ်းနေသည်။

လမ်းတစ်လျှောက်က ခြောက်သွေ့နေပြီး လူတစ်ဦးတစ်လေမှ မရှိ။သူရပြည့်စုံ ခေါင်းလေးမော့ပြီး ရာဇ်ကို မေးသည်။

"ကိုကိုသခင်ကြီး အခုက ငရဲမှာလား"

"ငရဲဘုံဆိုပေမဲ့ ငရဲပြည်က ဒီမြေပြင်ရဲ့အောက်မှာ အခုက မရဏမင်းရဲ့ပိုင်နက်ထဲပဲ ရှိသေးတယ်"

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now