Part 21

58.4K 4.6K 1.2K
                                    


ရာဇ် သူရပြည့်စုံ ကျောလေးကို အသာအယာပုတ်ပေးနေသည်။နရမဏိက ဧည့်ဆောင်ပေါ်တက်လာပြီး တစ်ဖက်သလွန်ပေါ် ထိုင်လေသည်။နရမဏိ လည်တိုင်တွင် အနီရောင်များ တစ်စွန်းတစ်စထွက်ပေါ်နေသည်။နရမဏိက ရာဇ်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ကိုယ်တော်ကြီးက သူရလေးကို သိပ်‌မြတ်နိုးနေတယ်ထင်ပ"

ရာဇ်က ဘာမှပြန်‌မဖြေဘဲ နရမဏိကို ကြည့်သည်။နရမဏိက အကြမ်းရည်တစ်ခွက်‌ကို မော့သောက်ပြီး အမောဖြေသည်။နရမဏိ နဖူးစပ်တွင် ချွေးစက်များ တွဲခိုနေ၏။

"ကိုယ်တော်ကြီး သူရလေးကို မေတ္တာရှိရော့ရင် စကားကို ချိုချိုသာသာ ပြောဆိုပေးရော့ရမယ် ပြီးတော့ သူ့အပေါ် ကောင်းပေးရမယ် တစ်ခုခုဆို အပြစ်မမြင်ရဘူး အဲ့ဒါက သူရလေးက ကိုယ်တော်ကြီးကို ပိုချစ်လာရော့မှာပေါ့"

"သင်းက ကိုယ်တော့်ကို ချစ်တယ်ပြောပြီးသားပဲ"

"ဟော ကြည့် သူ့ကို သင်းတို့ မင်းတို့ မခေါ်ရော့နဲ့လေ"

"ဘယ်လိုခေါ်ရမလဲ"

"အင်းးး"

နရမဏိက မျက်မှောင်ကြုတ်ရင်း အခေါ်‌အဝေါ်များကို စဉ်းစားသည်။

"ပူတူးတူးလေးတို့ အူးကြူးလေးတို့ အချစ်လေးတို့ ဘေဘီတို့ ခေါ်ရော့"

"ဘယ်လိုစကားတွေပါလိမ့် ဆန်းပြားလိုက်တာ"

"တကယ်ပြောရော့တာ သူရပြည့်စုံ လာခဲ့တဲ့ ခေတ်ကာလက မေတ္တာ သစ္စာဆိုတာ အင်အားမရှိတော့ဘူး တစ်‌ယောက်ဆို တစ်ယောက်ပဲ မဟုတ်ရော့ဘူးနော် အလိုလိုက်ရော့ပြီး ကောင်းပေးမှ အချိန်ကြာကြာမြဲတာ မဟုတ်ရင် ကိုယ်တော်လေးကိုတောင် ပြောင်းချစ်သွား‌နိုင်တယ်"

"တကယ်လား အဲ့သလိုဆို ဘေဘီလို့ ခေါ်ရော့မယ် မင်းပြောသမျှထဲ အတိုဆုံးပဲ"

"ဟုတ်ရော့တယ် စကားကိုလည်း ချိုချိုသာသာပြောပြီး ပရောပရီစကားတွေ ချစ်စကားတွေ ပြောပေးရမယ် ဥပမာ....."

နရမဏိက သလွန်ပေါ် ခြေတစ်ဖက်တင်ကာ ထိုခြေပေါ် လက်ထောက်လိုက်ရင်း ဆွဲဆောင်မှုရှိစွာ ‌ပြောလာသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now