မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?

2.3K 364 15
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၁၅ ။ မင်းငါ့ကိုစိုးရိမ်ပေးနေတာလား?

လီရှောင်းဟန်သည် ထောင်မုကို သူ၏ကိုယ်ရေးအကြံပေးအဖြစ် လစာကိစ္စနှင့်ပတ်သက်ပြီး ထည့်မပြောခဲ့။ လီရှောင်းဟန်က တွန့်တိုနေသည်တော့ မဟုတ်ပေ။ သို့ပေမဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေ ပိုပြီး မရှင်းလင်းလာခင်အချိန်အထိတော့ ဘယ်ဈေးနှုန်းမဆိုပေးချေခြင်းက ထောင်မုကို မလေးစားရာကျသည်ဟုသာ လီရှောင်းဟန် ခံစားရသည်။ အတော်လေး မသင့်တော်လှပေ။ ဒါ့အပြင် သူ့အနေနှင့် ထောင်မု၏ ပင်ကိုစရိုက်ကို အချိန်ယူလေ့လာဖို့ လိုသေးသည်.... အချိန်ကြာ ပူပေါင်းနိုင်မည့်သူမျိုးလား သို့မဟုတ် တစ်ခါပဲ လက်တွဲနိုင်မည့်သူမျိုးလား ဆိုသည်ကိုပေါ့။

ထောင်မု ကိုယ်တိုင်လည်း မမေးခဲ့ပေ။ သူ လီရှောင်းဟန်နှင့် မိတ်ဆွေဆက်ဆံရေးတည်ဆောက်သည့် အဓိကရည်ရွယ်ချက်က လစဉ် သူငွေအပိုဘယ်လောက်ရှာနိုင်မည်ဆိုတာမှ မဟုတ်ဘဲ။ ထောင်မု လီရှောင်းဟန်နှင့် မိတ်ဆွေလုပ်ခဲ့ခြင်းက ဒီ်ပုဂ္ဂိုလ်ကို အနာဂတ်မှာလှည့်စားလို့ရနိုင်မည့် ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်နိုင်ချေရှိသည်ဟု သူ မြင်ခြင်းကြောင့်သာ။ ပြန်လည်ရှင်သန်ပြီးနောက် ထောင်မု သည် ငါးကြီးကြီးဖမ်းဖို့ ပိုက်ရှည်ရှည်ချရမည်*ဆိုသည့် အယူအဆကို ရာနှုန်းပြည့်သဘောပေါက်နားလည်သည့်အတွက် သူအလျင်လိုမည်မဟုတ်ပါ။

(အကျိုးအမြတ်ပိုရရှိစေဖို့ ရေရှည်စီမံကိန်းများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ရေတိုအကျိုးအမြတ်ချည်း မကြည့်ဖို့လိုအပ်ကြောင်း)

တစ်ခုသော ရှုထောင့်မှကြည့်လျှင် နှစ်ယောက်သား၏ တွေးခေါ်ပုံများသည် တစ်ထပ်တည်းတိုက်ဆိုင်နေသလိုရှိသည်။

စားပြီးသည့်နောက် လီရှောင်းဟန်သည် ထောင်မုကို အိမ်ပြန်ပို့ပေးဖို့ ကမ်းလှမ်းသော်လည်း ထောင်မု၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်။ ပျင်းရိငြီးငွေ့ဖွယ် စားပွဲဝိုင်းကနေ နောက်ဆုံးတော့ လွတ်မြောက်သွားပြီဖြစ်သည့် တမောက် နှင့် ရှောင်ဖန်းသည် 2B ထက်ကျော်လွန်သည့် လူငယ်များ၏ ဟောဟောဒိုင်းဒိုင်းရှိမှုကို အပြည့်အ၀ လက်တွေ့ဖော်ပြတော့သည်*

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now